နှစ်ပေါင်းများစွာ လုပ်ကိုင်ဖို့နောက်ကျနေတဲ့ အရာတစ်ခုအတွက် ပရိသတ်တွေကို မေတ္တာရပ်ခံလာတဲ့ မြင့်မြတ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မင္းသားေခ်ာ ျမင့္ျမတ္ကေတာ့ ဒရမ္မာ၊ ဟာသ၊ အက္ရွင္ စတဲ့ ဘယ္လိုဇာတ္ရုပ္မ်ိဳးမဆို ဇာတ္ေကာင္စရို္က္နဲ့ တသားတည္း သရုပ္ေဆာင္နိုင္တာေၾကာင့္ ပရိသတ္ေတြက သဘာဝမင္းသားလုိ့ေတာင္ တင္စားၾကတာ ျဖစ္ပါတယ္။ သရုပ္ေဆာင္ပီျပင္တဲ့ ျမင့္ျမတ္ကေတာ့ အကယ္ဒမီဆုေတြနဲ့ အၾကိမ္ၾကိမ္လြဲေခ်ာ္ေနခဲ့ျပီး ျပီးခဲ့တဲ့ (၂၀၁၈) ခုနွစ္အတြင္းကမွ “အေမွာင္ေတြရြာခ်တဲ့မိုးတိမ္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို့ဆုကို ဆြတ္ခူးရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတာ့ သူ့အတြက္ အကယ္ဒမီဆုဆိုတာ အေရးမၾကီးပဲ ပရိသတ္ေတြရဲ့ အားေပးမႈကိုသာ ပိုမိုမက္ေမာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

နိုင္ငံေက်ာ္ မင္းသားဆိုေပမယ့္ ပရိသတ္ေတြနဲ့ ထိေတြ့ဖို့ လူမႈကြန္ယက္စာမ်က္နွာေတြကို အသံုးမျပဳတဲ့ ျမင့္ျမတ္ကေတာ့ အခုတစ္ခါမွာေတာ့ ပရိသတ္ေတြနဲ့ အျမဲတမ္း အဆက္အသြယ္လုပ္နိုင္ဖို့ သူကိုယ္တိုင္အသံုးျပဳတဲ့ ေဖ့စ္ဘုတ္ေပ့ခ်္တစ္ခု ဖြင့္လွစ္လိုက္ျပီျဖစ္ေၾကာင္း အသိေပးလာခဲ့ပါတယ္။ မေန့က နိုဝင္ဘာလ (၂၈) ရက္ေန့မွာေတာ့ ျမင့္ျမတ္က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန Live လႊင့္လာျပီး ထုိေပ့ခ်္ေလးက သူကိုယ္တုိင္သံုးတဲ့ ေပ့ခ်္အစစ္ျဖစ္ျပီး တျခားမိတ္ေဆြပရိသတ္ေတြကိုလည္း အသိေပးေပးၾကဖို့ အခုလိုပဲ ေမတၱာရပ္ခံလာခဲ့ပါတယ္။

ျမင့္ျမတ္ကေတာ့ ပရိသတ္ေတြနဲ့ ထိေတြ့ဖို့ လူမႈကြန္ယက္ကို အသံုးျပဳသင့္ေပမယ့္ နွစ္ေတြမ်ားစြာလုပ္ဖို့ ေနာက္က်ေနတာေၾကာင့္ ပရိသတ္ေတြကို ေမတၱာရပ္ခံလာတာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ကို ခ်စ္ၾကတဲ့ ပရိသတ္ၾကီးလည္း ျမင့္ျမတ္ရဲ့ ေပ့ခ်္ေလးကို Like လုပ္ထားဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Myint Myat’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

နှစ်ပေါင်းများစွာ လုပ်ကိုင်ဖို့နောက်ကျနေတဲ့ အရာတစ်ခုအတွက် ပရိသတ်တွေကို မေတ္တာရပ်ခံလာတဲ့ မြင့်မြတ်

မင်းသားချော မြင့်မြတ်ကတော့ ဒရမ်မာ၊ ဟာသ၊ အက်ရှင် စတဲ့ ဘယ်လိုဇာတ်ရုပ်မျိုးမဆို ဇာတ်ကောင်စရိုက်နဲ့ တသားတည်း သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်တဲ့ မြင့်မြတ်ကတော့ အကယ်ဒမီဆုတွေနဲ့ အကြိမ်ကြိမ်လွဲချော်နေခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းကမှ “အမှောင်တွေရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူ့အတွက် အကယ်ဒမီဆုဆိုတာ အရေးမကြီးပဲ ပရိသတ်တွေရဲ့ အားပေးမှုကိုသာ ပိုမိုမက်မောသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် မင်းသားဆိုပေမယ့် ပရိသတ်တွေနဲ့ ထိတွေ့ဖို့ လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးမပြုတဲ့ မြင့်မြတ်ကတော့ အခုတစ်ခါမှာတော့ ပရိသတ်တွေနဲ့ အမြဲတမ်း အဆက်အသွယ်လုပ်နိုင်ဖို့ သူကိုယ်တိုင်အသုံးပြုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခု ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်။ မနေ့က နိုဝင်ဘာလ (၂၈) ရက်နေ့မှာတော့ မြင့်မြတ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်လာပြီး ထိုပေ့ချ်လေးက သူကိုယ်တိုင်သုံးတဲ့ ပေ့ချ်အစစ်ဖြစ်ပြီး တခြားမိတ်ဆွေပရိသတ်တွေကိုလည်း အသိပေးပေးကြဖို့ အခုလိုပဲ မေတ္တာရပ်ခံလာခဲ့ပါတယ်။

မြင့်မြတ်ကတော့ ပရိသတ်တွေနဲ့ ထိတွေ့ဖို့ လူမှုကွန်ယက်ကို အသုံးပြုသင့်ပေမယ့် နှစ်တွေများစွာလုပ်ဖို့ နောက်ကျနေတာကြောင့် ပရိသတ်တွေကို မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ပေ့ချ်လေးကို Like လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Myint Myat’s fb
Bilie – Cele Connections