လတ်တလောမှာ ကြော်ငြာမင်းသမီးဖြူဖြူးထွေကို ပြသနာအကြီးကြီး တက်သွားစေခဲ့ Secretary လေးတယောက်ရဲ့ ပြင်းပြင်းထန်ထန်ရှုံ့ချချက်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
crd-han nyein oo
Unicode ဖြင့်ဖတ်ပါ
★★★★★
လတ်တလောမှာ ကြော်ငြာမင်းသမီးဖြူဖြူးထွေကို ပြသနာအကြီးကြီးထဲ တက်သွားစေခဲ့ Secretary လေးတယောက်ရဲ့ ရင်ဖွင့်သံ
ဖြူဖြူထွေးရဲ့ကြော်ငြာတစ်ခုနဲ့ပတ်သက်ပြီး လွဲမှားစွာသရုပ်ဆောင်ချက်များကြောင့် တကယ့်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ စက္ကထရီအမျိုးသမီးတစ်ဦးဟာ သူမရဲ့ခံစားချက်ကို ” ဖြူဖြူထွေးနှင့် ဒါရိုက်တာ စတီးလ် သိစေရန် Secretary Career ကို ထည့်သွင်းရိုက်ကူးပြီး professionalism ကို နားမလည်ဘဲ စော်ကားပုံဖော်ထားတဲ့ ကြေညာကို ကျွန်မလုံးဝရှုံ့ချပါတယ်။
Secretary လို့ပြောလာရင် ဟိုးအရင် မြန်မာပေါကားများလက်ထက်ထဲက ဒီလို misconcept တွေနဲ့ တလွဲတွေရိုက်လာတာ မနည်းတော့ပါဘူး။ ဒါတွေကို ပြန်ပြီးပြောချင်လို့ရယ်နဲ့ career ကို educate လုပ်ဖို့ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းရေးမှူးများအသင်း MyanmarProfessionalSecretaryAssociation (MPSA) ကို ဖွဲ့စည်းခဲ့ပြီးပါပြီ။
လုပ်ငန်းခွင်မှာ မသင့်တော်တဲ့ စကားလုံး အသုံးအနှုံးတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်လို secretary တယောက်မှမလုပ်ပါဘူး၊ လုပ်လို့လဲမရပါဘူး။ ” ” အနေအထိူင်အပြောအဆိုကအစ ဆင်ခြင်ပြီး သတိထားနေရတဲ့ Career ပါ။
ကျွန်မနဲ့ သိတဲ့ အဖွဲ့အစည်း အသီးသီးက Secretary ပေါင်း အယောက် (၂၀) နဲ့ မနည်းရှိပြီးတော့ ကျွန်မတို့ MPSA မှာတင် member ပေါင်း အယောက် (၆၀) ကျော်ရှိတာ တစ်ဦးတယောက်မှ အခုလောက် ထိ ရိုင်းစိုင်းပြီး ဗရမ်းပတာဖြစ်တဲ့သူတွေ တယောက်မှ မပါပါဘူး။
Workplace harassmentပပျောက်ဖို့ လှုပ်ရှားကြတဲ့ခေတ်မှာ သားပြောမယားပြော ဒိုင်ယာလော့ခ်တွေဟာ အော်ဂလီ ဆန်နေပါပြီ။ အိုကြီးအိုမနဲ့ Secretary ဖြစ်ချင်သေးတဲ့ဆိုတာက ပါလိုက်သေးလို့ ကျွန်မတို့ Secretary မှာ အပျို၊ အအို၊ အသက်အရွယ် အပိုင်းအခြားမရှိသလို အရည်အချင်းအပြည့်အဝနဲ့ လုပ်ကိုင်နေကြတဲ့ လေးစားရတဲ့ စီနီယာ Secretary ကြီးများ ဒီ video ကိုကြည့်မိပြီး စိတ်မကောင်း ဖြစ်သွားမှာကို ကျွန်မစိတ်ပူပါတယ်။
” အနုပညာကို ပညာရှင်လို မဖန်တီးနိုင်ရင် ဆက်မလုပ်ပါနဲ့။ စားဝတ်နေရေး ခက်ခဲလို့ လုပ်မယ်ဆိုလည်း သူများကို မထိခိုက်ပါစေနဲ့။
ဒါကြောင့် ဒါရိုက်တာ စတီးလ်ရော ဖြူဖြူထွေးရော ဆင်ခြင်နိုင်ဖို့ ကျွန်မဒီနေရာကနေ သတိပေးပါရစေ။ ပြင်းပြင်းထန်ထန်ရှုံ့ချ ပါတယ်။ ကျွန်မSecretaryတစ်ဦးပါ Secretary Career ဟာ အခုလို အနှိမ့်ချခံ career တစ်ခု မဟုတ်ကြောင်း ပိုပြီးတွင်တွင် ကျယ်ကျယ်ပြောဖို့ လိုနေပါပြီ။ ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါ တယ်။
ပရိသတ်ကြီးရဲ့အမြင်ကိုလည်း မှတ်ချက်လေး ရေးပေးခဲ့ပါဦး။
crd-han nyein oo