အများနဲ့မတူတဲ့ အိုင်ဒီယာဆန်းဆန်းနဲ့ (၅၀၀၀) တန် ပိုက်ဆံတွေကို ပံ့သကူပစ်ခဲ့ကြတဲ့ ခိုင်သင်းကြည်တို့ မိသားစုရဲ့လပြည့်နေ့ကုသိုလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အများနဲ့မတူတဲ့ အိုင်ဒီယာဆန်းဆန်းနဲ့ (၅၀၀၀) တန် ပိုက်ဆံတွေကို ပံ့သကူပစ်ခဲ့ကြတဲ့ ခိုင်သင်းကြည်တို့ မိသားစုရဲ့လပြည့်နေ့ကုသိုလ်

ပရိသတ်တွေက မပွတ်ကျွတ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ အကယ်ဒမီထူးချွန်ဆု နှစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အသက်လေးဆယ်ကျော်တိုင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူတွေရရှိနေဆဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေနဲ့အတူတူ သူမရဲ့ မိသားစုလေးကိုလည်း အချိန်ပေး ဂရုစိုက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိကြတဲ့ ခိုင်သင်းကြည်တို့ မိသားစုကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။

ဘာပဲလုပ်လုပ် တစ်မိသားစုလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိတဲ့ ခိုင်သင်းကြည်တို့ မိသားစုက မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာလည်း ပံ့သကူအလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ခိုင်သင်းကြည်တို့ မိသားစုက (၅၀၀၀) တန် ပိုက်ဆံတွေကို အိုင်ဒီယာဆန်းဆန်းနဲ့ ပန်းစည်းလေးလိုလုပ်ပြီး ပံ့သကူပစ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်သင်းကြည်တို့ မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည်တို့ မိသားစုကတော့ တန်တောင်မုန်းလပြည့်နေ့လေးမှာလည်း ကုသိုလ်တွေအတူတူလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ မိသားစုရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိတွေ ကူးစက်သွားမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections