ရင်သွေးလေးမွေးဖွားဖို့ ဆေးရုံပေါ်ရောက်နေပေမယ့် အိမ်မှာကျန်ရစ်ခဲ့တဲ့ သမီးကြီးအတွက်လည်း စိတ်မဖြောင့်ခဲ့ရကြောင်းပြောလာတဲ့ အိအိတုန်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Ei Tone ‘s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ရင်သွေးလေးမွေးဖွားဖို့ ဆေးရုံပေါ်ရောက်နေပေမယ့် အိမ်မှာကျန်ရစ်ခဲ့တဲ့ သမီးကြီးအတွက်လည်း စိတ်မဖြောင့်ခဲ့ရကြောင်းပြောလာတဲ့ အိအိတုန်

ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အိအိတုန်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာသူတစ်ယောက် ဖြစ်ပါတယ်။ အိအိတုန်ကတော့ အနုပညာသည်တစ်ယောက်ဆိုပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်၊ စီးပွားရေးအလုပ်မှာ အောင်မြင်မှုရရှိနေတဲ့ အိအိတုန်ကတော့ အိမ်ထောင်ရေး၊ မိသားစုရေးမှာလည်း ကံကောင်းသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ အိအိတုန်ကတော့ ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ရင်သွေးလေးကို မွေးဖွားဖို့ ဆေးရုံရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အိအိတုန်က သမီးငယ်လေးကို မွေးဖွားဖို့ ဆေးရုံတက်နေရပေမယ့်လည်း အိမ်မှာကျန်ခဲ့တဲ့သမီးလေးအတွက် စိတ်မဖြောင့်ဖြစ်ခဲ့ရကြောင်းကို “ညနေမွေးရတော့မဲ့ မေမေဗိုက်ကလေး။ ချစ်သမီးအကြီးကချောင်းနည်းနည်းဆိုးနေတော့ ဒီမေမေက စိုးရိမ်ပြီး ဆေးရုံသာလာရတာ စိတ်ကမဖြောင့်။ နောက်တော့ သမီးက ဆေးရုံလိုက်ရမှာကြောက်လို့တဲ့ အိုက်တင်ကများထားတာတဲ့။ အိပ်လိုက်ဦးမယ်မမဗိုက်လေးဆုတောင်းပေးနော် ချစ်တုန်းတို့” ဆိုပြီး ပြောလာပါတယ်။

အိအိတုန်ကတော့ မကြာခင် နာရီပိုင်းအတွင်းမှာ သမီးငယ်လေးကို မြင်တွေ့ရမှာမို့ စိတ်လှုပ်ရှား ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိအိတုန်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ ရင်သွေးလေး မွေးဖွားနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ei Tone ‘s fb
Bilie – Cele Connections