ငါးမျှားတံမှာ လက်စွပ်ဘူးလေးချိတ်ပြီး ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းခံရတဲ့ ကြည်နူးစရာ အမှတ်တရလေးကို ချပြလာခဲ့တဲ့ အောန်ဆိုင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ငါးမျှားတံမှာ လက်စွပ်ဘူးလေးချိတ်ပြီး ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းခံရတဲ့ ကြည်နူးစရာ အမှတ်တရလေးကို ချပြလာခဲ့တဲ့ အောန်ဆိုင်း

ကချင်တိုင်းရင်းသူ စူပါမော်ဒယ် အောန်ဆိုင်းကတော့ ဆယ်စုနှစ်တစ်စုကျော်တိုင် မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားခဲ့ပြီး ချစ်ရသူနဲ့လည်း မိတ်ဆက်ပေးပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အောန်ဆိုင်းက ပြီးခဲ့တဲ့ မေလအတွင်းကပဲ လက်ထပ်ခွင့်တောင်းခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာတော့ သူမရဲ့ proposal နေ့က အမှတ်တရကို ပရိသတ်တွေအားလုံးအတွက် ချပြလာပါတယ်။

အောန်ဆိုင်းက “Happy sweet December everyone ဒီဗီဒီယိုလေးတင်ဖို့စောင့်နေတာကြာပါပြီ ၊ ကိုးဗစ်ကြောင့် လူတိုင်းမပျော်နိုင်လို့ အောန်ဆိုင်းရဲ့ မင်္ဂလာသတင်းလေးကိုမတင်ဖြစ်သေးတာပါ ၊ ဒီနေ့တော့နှစ်ကုန်လည်းဖြစ် အော်န်ရဲ့ မွေးလလေးလည်းဖြစ်လို့ အားလုံးဝမ်းသာရအောင်တင်လိုက်ပါတယ်နော် ကျွန်မရဲ့ ဘဝလက်တွဲဖော်ကိုအားလုံးနဲ့ သေချာမိတ်ဆက်ပေးချင်ပါတယ် ၊ သူ့နာမည်က CARL ( ဖုန်းကျော်မိုးမြင့်ပါ) ၊ ဒီဗီဒီယိုလေးက မေလ၂၃ တည်းကရိုက်ထားတာပါ ၊ CARL ရဲ့ surprise proposal လေးကအရမ်းကို sweet ဖြစ်ပါတယ် ၊ ကျွန်မ မသိအောင်သူကြိတ်ပြီး plan ထားတာတော်တော်ကြာပြီပြောပါတယ် ၊ အဲ့နေ့ အမှတ်တရလေးကိုပြောပြမယ်နော် ၊”

“Carl က ငါးမျှားတဲ့ Vlog လေးရိုတ်ချင်လို့ ဝင်ရိုက်ပေးပါ ဆိုပြီး အော်န်ကိုပြောထားပေမဲ့ အဲ့နေ့ကသူကသူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ် ၊ အကုန်လုံးကပုန်းနေကြတာပေါ့ ၊ ကျွန်မ အတွက် လက်စွပ်လေးစီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ mommy ကိုယ်တိုင်ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျွန်မအတွက်တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရပါပဲ ၊ မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့ လက်ထက်ခွင့်တောင်းချိန်မှာတော့ ကျွန်မအတွက် ဝမ်းသာ အံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ် ၊ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ video လေးကို “The Greatest catch “လို့ နာမည်ပေးဖြစ်သွားတာပါ ၊ ”

“ကျွန်မက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့ သူတွေအားလုံး ဘွားခနဲပေါ်လာပြီး တူတူပျော်ရွှင်ကြပါတယ်။ ဒီလို ၂ ယောက်အတူလျောက်လှမ်းမဲ့ ဘဝခရီးကိုအမှတိတရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် the love of my life Carl ကိုကျေးဇူးတင်ပါတယ် ၊ အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း အကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျွန်မအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခြင်းပါ ၊ အဲ့နေ့က အချိန်ပေးလာရောက် ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ Carl ရဲ့ရှေ့ဆက်ရမဲ့ ဘဝခရီး ကို အကောင်းဆုံးလျောက်လှမ်းဖို့ ပြငိဆင်နေပါတယ် ၊ အောန်ကိုချစ်တဲ့ ပရိတ်သတ်ကြီးလည်း တူတူ ဝမ်းသာရအောင် တင်ပေးလိုကါပါတယ်နော် ၊ ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေ သယ်ဆောင်လာပေးမဲ့ December လလေးဖြစ်ပါစေ… ”ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။

အောန်ဆိုင်းကတော့ သူမကို တန်ဖိုးထားချစ်တဲ့ ချစ်သူအပြင်၊ နွေးထွေးစွာ ကြိုဆိုတဲ့ မိသားစုတစ်စုနဲ့လည်း ပေါင်းစပ်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောန်ဆိုင်းရဲ့ Proposal ဗီယိုလေးကိုကြည့်ပြီး အားကျစိတ်တွေဖြစ်လာမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Awn Seng – Elizabeth’s fb
Bilie – Cele Connections