ကိုယ်ပိုင်ချွေးနဲစာထဲမှ ငါးထောင်တန်အထပ်လိုက်ကို ပရဟိတ အဖွဲ့သားတွေဆီ ကြဲချပေးခဲ့တဲ့ G ရဲ့ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
crd – Myanmarload
Unicode ဖြင့်ဖတ်ပါ
★★★★★
ကိုယ်ပိုင်ချွေးနဲစာထဲမှ ငါးထောင်တန်အထပ်လိုက်ကို ပရဟိတ အဖွဲ့သားတွေဆီ ကြဲချပေးခဲ့တဲ့ G ရဲ့ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်..
ယခုလက်ရှိမှာ ကျင်းပပြုလုပ်နေတဲ့ “The Voice Myanmar” သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ G ကတော့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ် ။
အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ G က အဆိုတော်၊သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ရဲ့တူမချောလေးပဲ ဖြစ်ပါတယ် ။ G က ထူးခြားတဲ့ကိုယ်ပိုင်စတိုင်လ်လေးနဲ့ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တာကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ် ။
G က “ရွှေနန်းတော်” ရတနာဆိုင်ရဲ့သမီးလေးဖြစ်ပြီး ကြွယ်ဝချမ်းသာသူလေးဖြစ်ပေမယ့်လည်း မာန်မာနတွေကင်းစင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် G က ပရဟိတစိတ်ဓာတ်အပြည့်ရှိတာကြောင့် ယခုလက်ရှိ Covid ကာလမှာတောင် လူနာတင်ကားမောင်းပြီး ကုသိုလ်ယူနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ G က Photo Shooting တွေတစ်ခုပြီးတစ်ခုရိုက်ကူးနေရတာဖြစ်ပြီး ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ် ။
မနေ့ညမှာတော့ G က သူမရဲ့ကိုယ်ပိုင်ချွေးနှဲစာလေးထဲကနေ အဖွဲ့သားတွေအတွက် ပိုက်ဆံကြဲပေးပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ် ။ G က “တစ်ရက်နောက်ကျပေမယ့် ဒီနေ့ ရှာထားတဲ့ပိုက်ဆံထဲက ၁၀၀၀၀၀ဖိုး ၅၀၀၀တန် (၂၀) ရွက် ပံ့သကူပစ်လိုက်ပါတယ်။” ဆိုပြီး
ပီတိဖြစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ထားတာဖြစ်ပါတယ်။ ကဲ အဖွဲ့သားတွေအတွက် အပျော်တွေဖန်တီးပေးခဲ့တဲ့ အဆိုတော်မလေး G ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source and Video Credit-G Vocals
crd – Myanmarload