အမျိုးသားထုကြီးတစ်ရပ်လုံး အသည်းကွဲသွားစေနိုင်တဲ့ ပို့စ်လေးတစ်ခုကို ပွင့်ပွင့်လင်းလင်းချပြလာတဲ့ စံရတီမိုးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အမျိုးသားထုကြီးတစ်ရပ်လုံး အသည်းကွဲသွားစေနိုင်တဲ့ ပို့စ်လေးတစ်ခုကို ပွင့်ပွင့်လင်းလင်းချပြလာတဲ့ စံရတီမိုးမြင့်

မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချိုသာတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ အချိုးအစားကျတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကြွေလောက်တဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ သဘာဝကျကျလှပသူလေးဖြစ်ပြီး ပရိသတ်တွေကလည်း ခေါင်းအစ ခြေအဆုံး လှပသူလေးကို ချစ်ခင်မှုတွေ များစွာနဲ့ အားပေးကြတာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်လို့ ဆိုလိုက်တာနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို မိန်းကလေးအချင်းချင်းလည်း အားကျရသူလေးပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ ပွင့်ပွင့်လင်းလင်းနေတတ်သူတစ်ယောက်ပီပီ ဒီကနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေ အမျိုးသားထုတစ်ရပ်လုံးကို အသည်းကွဲစေခဲ့တာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က သူမရဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း (၁၀) လပြည့်သွားခဲ့ပြီဆိုပြီး အမှတ်တရ တင်ခဲ့ရာ စံရတီမိုးမြင့်ကို အရူးအမူးချစ်ကြတဲ့ အမျိုးသား ပရိသတ်တွေက တော်တော်လေး ခံစားသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်လင်းစွာ ချပြထားခဲ့သလို အခုဆိုရင် သူမတို့ ချစ်သူနှစ်ယောက်က ချစ်သူသက်တမ်း တစ်နှစ်နီးပါးရှိတော့မယ်လို့တောင် ပြောလာတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်တို့ ချစ်သူနှစ်ယောက် ချစ်သူသက်တမ်း (၁၀) လပြည့်မှသည် နောက်နှစ်တွေအများကြီးတိုင် ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: San Yati Moe Myint’s fb
Bilie – Cele Connections