အိမ့်ချစ်နဲ့ ရဲလေးတို့ရဲ့ “မနှုတ်ဆက်ချင်ဘူး”သီချင်း MV ထဲကအတိုင်း သရုပ်ဆောင်ပြီး အိမ့်ချစ်ကို စနောက်ခဲ့တဲ့ မိစန္ဒီရဲ့ ဗီဒီယို
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Eint Chit’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
အိမ့်ချစ်နဲ့ ရဲလေးတို့ရဲ့ “မနှုတ်ဆက်ချင်ဘူး”သီချင်း MV ထဲကအတိုင်း သရုပ်ဆောင်ပြီး အိမ့်ချစ်ကို စနောက်ခဲ့တဲ့ မိစန္ဒီရဲ့ ဗီဒီယို
လူငယ်ကြိုက် Rap သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုတဲ့ အဆိုတော်မလေး မိစန္ဒီကတော့ ဂီတသက်တမ်း ဆယ်စုနှစ်နီးပါးတိုင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်။ ။ မိစန္ဒီကတော့ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုမရှိပဲ ပွင့်ပွင့်လင်းလင်းသာနေထိုင်တတ်တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ချစ်ကြသူလေးပဲ ဖြစ်ပါတယ်။ မိစန္ဒီကလည်း သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို တန်ဖိုးထားမြတ်နိုးသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပျော်ပျော်နေတတ်သူလေးတစ်ယောက်ပီပီ အနုပညာရှင်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မောင်နှမသဖွယ် စစနောက်နောက်ရှိတဲ့ မိစန္ဒီက ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ စီနီယာအစ်မတစ်ယောက်ဖြစ်သူ အိမ့်ချစ်ကို စနောက်ခဲ့တာ တွေ့ရပါတယ်။ မိစန္ဒီက အိမ့်ချစ်နဲ့ ရဲလေးတို့ရဲ့ “မနှုတ်ဆက်ချင်ဘူး”သီချင်း MV ထဲကအတိုင်း သရုပ်ဆောင်ပြီး အိမ့်ချစ်ကို စနောက်ကျီစယ်ခဲ့ရာ အခုလိုပဲ ဗီဒီယိုလေးအတိုင်း တွေ့ရပါတယ်။
မိစန္ဒီကတော့ အိမ့်ချစ်ကို စနောက်သလို အိမ့်ချစ်ကလည်း မိစန္ဒီရဲ့ အိုက်တင်အမူအယာအတိုင်း ချက်ချင်းတုံ့ပြန်ပြီး လုပ်ခဲ့တာ အရမ်းချစ်စရာကောင်းတာပါပဲ။ ပရိသတ်ကြီးလည်း မိစန္ဒီနဲ့ အိမ့်ချစ်တို့ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Eint Chit’s fb
Bilie – Cele Connections