မြေးလေး ဝင်းခန့်မိုး ဆေးထိုးစနောက်ပြီး ဆင်မြန်းပေးထားတဲ့ ခေတ်လူငယ်ဖက်ရှင်ဒီဇိုင်းနဲ့ အရမ်းကိုမိမိုက်နေတဲ့ ချိုပြုံးရဲ့ Tik Tok ဗီဒီယို
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
မြေးလေး ဝင်းခန့်မိုး ဆေးထိုးစနောက်ပြီး ဆင်မြန်းပေးထားတဲ့ ခေတ်လူငယ်ဖက်ရှင်ဒီဇိုင်းနဲ့ အရမ်းကိုမိမိုက်နေတဲ့ ချိုပြုံးရဲ့ Tik Tok ဗီဒီယို
လေးထပ်ကွမ်းအကယ်ဒမီဆုရှင် မင်းသမီးကြီးဖြစ်သလို စတူဒီယိုအဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ချိုပြုံးကတော့ အခုဆိုရင် အသက်ခုနှစ်ဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အလှမပျက်သေးပဲ ငယ်ငယ်ကအတိုင်း လှသွေးကြွယ်ပြီး ကျက်သရေရှိနေဆဲ ဖြစ်ပါတယ်။ ချိုပြုံးကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း လုပ်ကိုင်နေပြီး ဘုရားတရားကိုသာ အချိန်ပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ချိုပြုံးရဲ့မြေးလေး ဝင်းခန့်မိုးကတော့ အခုဆိုရင် တက်သစ်စသရုပ်ဆောင်တစ်ယောက်အဖြစ် စတင်လုပ်ကိုင်နေပြီဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဘွားဘွားကြီး ချိုပြုံးနဲ့အတူတူ ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝင်းခန့်မိုးက သူကိုယ်တိုင် ဆေးထိုးပြီး ဆင်မြန်းပေးထားတဲ့ ခေတ်လူငယ်ဖက်ရှင်ဒီဇိုင်းနဲ့ အရမ်းကိုမိမိုက်နေတဲ့ ချိုပြုံးရဲ့ Tik Tok ဗီဒီယို လေးကို ပရိသတ်ကြီးအတွက် အခုလိုပဲ မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။
ချိုပြုံးကတော့ မြေးလေး စိတ်သဘောရှိ ဆင်မြန်းထားတဲ့ ဝတ်စုံတွေနဲ့ အမြင်ဆန်းပြီး တစ်မျိုးချစ်စရာကောင်းနေတာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း အန်တီချိုပြုံးရဲ့ ဗီဒီယိုလေးကိုကြည့်ရှုလို့ သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Win Khant Moe’s fb
Bilie – Cele Connections