ကားပေါ်မှာ မြွေအကြီးကြီးတစ်ကောင်ပါလာတာကိုမသိဘဲ သမီးလေးနဲ့နေရာအစုံကိုလျှောက်သွားမိလို့ အရမ်းထိတ်လန့်ခဲ့ရတဲ့ အေးသီတာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★















Unicode ဖြင့်ဖတ်ပါ
★★★★★

ကားပေါ်မှာ မြွေအကြီးကြီးတစ်ကောင်ပါလာတာကိုမသိဘဲ သမီးလေးနဲ့နေရာအစုံကိုလျှောက်သွားမိလို့ အရမ်းထိတ်လန့်ခဲ့ရတဲ့ အေးသီတာ

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အေးသီတာကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်

း လက်ရှိမှာလည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးချဲ့ထွင်နေတာဖြစ်ပါတယ်။

အေးသီတာကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါးက အရမ်းလက်ရာကောင်းလို့ မှာယူစားသုံးကြတဲ့သူတွေကလည်းအများအပြားရှိပါနော်။

အေးသီတာရဲ့မုန့်ဟင်းခါးကတော့ လအနည်းငယ်အတွင်းမှာပင် အရမ်းအဆင်ပြေလာတာဖြစ်ပါတယ်။

အေးသီတာကတော့ မုန့်ဟင်းခါးကို ကိုယ်တိုင်လည်းချက်သလို ကားတစ်စီးနဲ့လည်း ကိုယ်တိုင်အော်ဒါလိုက်ပို့တာဖြစ်ပါတယ်။

အေးသီတာက သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ အေးသီတာက ထိတ်လန့်ရင်တုန်စရာကောင်းတဲ့ အဖြစ်အပျက်နဲ့တွေ့ကြုံခဲ့ရတာကို ပရိသတ်လည်းသတိထားလို့ရအောင် မျှဝေလာတာဖြစ်ပါတယ်။

အေးသီတာက”ဒီနေ့ထိတ်လန့်ရင်တုန်စရာ မောင်လေးရဲ့ကားနဲ့ကံမြင့်ဆရာတော်ကျောင်းသွား၊

သူတို့အိမ်ဝင်တေးတို့ချမ်းတို့နဲ့ဆော့ဗဟန်းအမေ့အိမ်သွား၊ကိုယ်ကလမ်းထဲဝင်တုန်းရှိသေးမောင်လုပ်တဲ့သူကဖုန်းဆက်ခေါ်ထွက်ကြည့်

အားပါးပါးသူ့ကားထဲကမြွေကြီးအကြီးကြီး လျှောထွက်လာလမ်းမပေါ်မှာ အားပါးပါးမြွေအရမ်းကြောက်တဲ့မိန်းမ၊

သမီးလေးနဲ့၂ယောက်ကားနောက်ခန်းမှာသူလာပေါက်လိုက်ရင်ဟင်းတွေးလိုက်ရင်သေးဖြန်းဖြန်းထွက်ကျချင်

သူ့ကိုအမူးသမားတစ်ယောက်ကရိုက်သတ်လိုက်သတဲ့ သူ့သင်းချိုင်းဗဟန်းမှာလာရှိလေသလားကောင်းရာသုဂတိလားပါစေ”ဆိုပြီး

ရေးသားထားတာဖြစ်ပါတယ်။