တက္ကသိုလ် နှစ်တစ်ရာပြည့်နေ့လေးမှာ တက္ကသိုလ်ဘဝက အမှတ်တရနဲ့ ပရိသတ်တွေ မသိသေးတဲ့ သူမရဲ့ဘဝဖြတ်သန်းမှုတွေကို ဖွင့်ချလာခဲ့တဲ့ သံသာဝင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Cele Active World ပရိသတ္ႀကီးေရ အဆိုေတာ္ သံသာဝင္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ အနဂၢနဲ႕ အိမ္ေထာင္က်ၿပီး သမီးေလးတစ္ဦးနဲ႕အတူ ေပ်ာ္ရႊင္ဖြယ္ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ သံသာဝင္းကေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ဘဲ ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္ေနးသူပါ.။ ႏိုဝင္ဘာလ (၃၀)ရက္ေန႕ မွာေတာ့ သံသာဝင္းက “ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲတဲ့…ဒီတကၠသိုလ္ႀကီး နဲ႔ ကၽြန္မ ပက္သက္မႈအေၾကာင္းေတြကို ျပန္စဥ္းစားၾကည့္မိလိုက္ေတာ့….အမွတ္တရေတြက တကယ္ကို မ်ားစြာ..,,နည္းနည္းေတာ့ ရွည္ပါမယ္ေနာ္

ကၽြန္မက..အဲ့…ရန္ကုန္တကၠသိုလ္ ( Main ) ဆိုတဲ့ ေက်ာင္းေတာ္ဝန္းႀကီးထဲမွာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ တိုင္ေအာင္ ပညာသင္ယူ အခ်ိန္မ်ားစြာကုန္လြန္ခဲ့ဖူးတယ္ဆိုရင္….!!ရန္ကုန္တကၠသိုလ္ လႈိင္နယ္ေျမ RC2 ထဲကို ကၽြန္မ စေရာက္တာ (၁၉၉၄ – ၉၅) ခုႏွစ္…႐ူပေဗဒ အထူးျပဳနဲ႔ ပထမႏွစ္,ဒုတိယႏွစ္ အတန္းေတြကို (၂) ႏွစ္တာ တက္ေရာက္ခဲ့ၿပီး..ဂုဏ္ထူးတန္းဝင္ခဲ့ပါတယ္..။ အဲဒါေၾကာင့္ (၁၉၉၆) ပညာသင္ႏွစ္မွာ ကၽြန္မသိပ္သြားခ်င္တဲ့..ရန္ကုန္တကၠသိုလ္( Main ) ဝန္းထဲကို စတင္ေျခခ် ပညာသင္ခြင့္ ရခဲ့ပါတယ္..။အဲ့ဒီမွာ ဂုဏ္ထူးတန္း ပထမႏွစ္ ဒုတိယႏွစ္နဲ႔ တတိယႏွစ္ထိ ဆက္တိုက္ တက္ပီး (၂၀၀၀) ျပည့္ႏွစ္မွာေက်ာင္းၿပီးလို႔ (၂၀၀၁)ခုႏွစ္မွာ B.Sc ( Honours ) ဘြဲ႕ကိုရရွိခဲ့ပါတယ္..

အဲ့ဒီကမွတဆင့္ (၂၀၀၂)ခုႏွစ္ မွာ မဟာသိပၸံ Master တန္း ပထမႏွစ္နဲ႔ ဒုတိယႏွစ္ ကိုဆက္တက္ခဲ့ပါတယ္.. ။(၂၀၀၃) ခုႏွစ္မွာ ေတာ့ M.Sc (Engineering) ဘြဲ႕ကို ထပ္မံယူခဲ့ပါတယ္.. အဲဒါကေန မေက်နပ္ေသး သုတသနျပဳဖို႔ အမွတ္မွီလို႔ မဟာသုေတသန Research တန္းကို ေနာက္ထပ္ တစ္ႏွစ္ထပ္တက္ပါတယ္ .. ။(၂၀၀၄) ခုႏွစ္ မွာေတာ့ M.Res ဘြဲ႕ကိုထပ္ရခဲ့ပါတယ္… အဲ့မွာတင္ ရပ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ေပမဲ့ မိသားစုကေကာ သူငယ္ခ်င္းေတြကပါ ပါရဂူဘြဲ႕ ဆက္ယူဖို႔ အခြင့္အေရးရွိတုန္း ဆက္တက္ပါလားလို႔ အႀကံျပဳတိုက္တြန္းၾကပါတယ္.. ေနာက္ထပ္ (၅ ) ႏွစ္ႀကီးမ်ားေတာင္ ထပ္တက္ရမွာကို ေတြးၾကည့္မိေတာ့ … အသက္(၅) ႏွစ္ မူႀကိဳထဲက စတက္ခဲ့ရတဲ့ေက်ာင္း ဒီအသက္အ႐ြယ္ထိ သင္လို႔ပဲမကုန္ႏိုင္ တက္လို႔မပီးႏိုင္ဆိုၿပီး ခ်ီတုံခ်တုံနဲ႔ အခါခါစဥ္းစားခဲ့မိပါတယ္… ။

ေနာက္ဆုံးေတာ့ ပါရဂူႀကိဳ preliminary တန္းကို (၂၀၀၄) ကေန (၂၀၀၅) ထိ ဆက္လက္တက္ေရာက္ခဲ့ပါတယ္.. ။ အဲ့တႏွစ္ပီးတာနဲ႔ ေနာက္ထပ္ (၄) ႏွစ္တာ ကာလကေတာ့…ဒီတကၠသိုလ္ႀကီးထဲမွာပဲ ဆက္လက္ ေပ်ာ္ေပ်ာ္ႀကီးပါပဲ.. သူငယ္ခ်င္းေတြနဲ႔အတူ ဝင္လိုက္ထြက္လိုက္နဲ႔ အတန္းေတြတက္ ..lab ေတြဝင္ ..Seminar ေတြတက္..Defense ေတြထိုင္ ..

project ေတြလုပ္ရင္းနဲ႔ပဲ ..ေနာက္ဆုံးေတာ့ …(၂၀၀၉) ခုႏွစ္မွာ ပါရဂူဘြဲ႕ Ph.Dကိုရရွိခဲ့ပါတယ္.. အဲ့ဒီ့ေန႔ကေတာ့ ဘဝမွာ အေပ်ာ္ဆုံးေန႔ေတြထဲက တေန႔ပါပဲ သူငယ္ခ်င္းေတြကိုဆို က်မအၿမဲ စ ေနာက္ပီးေျပာေလ့ရွိပါတယ္ ..PhD သာ တကယ္ၿပီးခဲ့ရင္ အဲ့ေန႔က် ငါတကယ္ ဂြၽမ္းထိုးမွာလို႔ ..စာေတြထပ္သင္ ေက်ာင္းေတြထပ္သြားစရာမလိုဘူး လြတ္ပီကြၽတ္ပီဆိုၿပီး….တကယ္တမ္းရခဲ့ေတာ့လည္း ဂြၽမ္းထိုးဖို႔ေမ့သြားခဲ့ပါတယ္ အခ်ိန္ေတြၾကာလြန္းလို႔ ..ေက်ာင္းဆိုရင္ အသံေတာင္မၾကားခ်င္ေတာ့ေလာက္ေအာင္တကယ္ျဖစ္ခဲ့ဖူးပါတယ္..။ အခုေတာ့လည္း လြမ္းမိျပန္တာပါပဲေလ… ။

အထူးသျဖင့္..ကၽြန္မတို႔ရဲ႕ physics ေဆာင္ေရွ႕ နဲ႔သစ္ပုတ္ပင္ႀကီး..ဘြဲ႕ေတြအခါခါယူရလို႔ ကံေကာင္းစြာနဲ႔ ခဏခဏ ဝင္ခြင့္ရခဲ့တဲ့ convocation hall..copy ေတြ ဆြဲရလြန္းလို႔ အခါခါသြားခဲ့ရတဲ့ Library ေဘးလမ္းက copy ဆိုင္…ဒူးတုန္တုန္နဲ႔ ျဖတ္ေလွ်ာက္ခဲ့ရတဲ့ ဆရာႀကီးေဒါက္တာစိန္ထြန္း႐ုံးခန္းေရွ႕.. နဲ႔ Theartre အခန္း..သူငယ္ခ်င္းေတြ နဲ႔ အားတိုင္း အၿမဲထိုင္ေနၾက chemistry ေဆာင္ေရွ႕က လမင္းစားေသာက္ဆိုင္နဲ႔ သိပၸံ canteen..နာမည္ႀကီးလို႔ သြားေလွ်ာက္ခဲ့ဖူးတဲ့ စစ္ကိုင္းလမ္း..

လမ္းဘယ္ေတာ့မွ ဆင္းမေလွ်ာက္ျဖစ္ပဲ ကားနဲ႔သာ ေမာင္းျဖတ္ျဖစ္ခဲ့တဲ့ အဓိပတိလမ္းအမ်ားႀကီးပါ….စဥ္းစားၾကည့္ေတာ့ လႈိင္နယ္ေျမမွာ (၂) ႏွစ္..ရန္ကုန္တကၠသိုလ္ တခုထဲမွာတင္(၁၃) ႏွစ္..ကၽြန္မရဲ႕ တကၠသိုလ္ေက်ာင္းသူဘဝက စုစုေပါင္း (၁၅) ႏွစ္ အဲ့ေတာ့ အမွတ္ရစရာ အေၾကာင္းတရားေတြလည္း မ်ားစြာ မ်ားစြာ…..ေက်းဇူးတရားေတြလည္း မ်ားစြာ…သမိုင္းအစဥ္အလာႀကီးမားခဲ့တဲ့….ဒီတကၠသိုလ္ႀကီး …. အခုေတာ့ ႏွစ္တရာတိုင္ခဲ့ၿပီ..။

ႏွစ္ေပါင္းမ်ားစြာ ဆက္လက္တည္တံ့အဓြန႔္ရွည္ၿပီး.. ႏိုင္ငံကိုအက်ိဳးျပဳ ႏိုင္ငံကအားထားရမဲ့ ေနာင္မ်ိဳးဆက္ ပညာတတ္သားေကာင္းသမီးေတြ အမ်ားႀကီး ဆက္လက္ေမြးထုတ္ေပးႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္းနဲ႔ ေက်းဇူးတင္ဂါရဝျပဳလိုက္ပါတယ္ရွင္” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ Cele Active Worldပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကိုပိုင္ဆိုင္ႏိ္ုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္.။
Source: Than Thar Win’s Facebook

Violet(Cele Active World)

Unicode ဖြင့်ဖတ်ပါ
★★★★★

“တက္ကသိုလ် နှစ်တစ်ရာပြည့်နေ့လေးမှာ တက္ကသိုလ်ဘဝက အမှတ်တရနဲ့ ပရိသတ်တွေ မသိသေးတဲ့ သူမရဲ့ဘဝဖြတ်သန်းမှုတွေကို ဖွင့်ချလာခဲ့တဲ့ သံသာဝင်း”

Cele Active World ပရိသတ်ကြီးရေ အဆိုတော် သံသာဝင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အနဂ္ဂနဲ့ အိမ်ထောင်ကျပြီး သမီးလေးတစ်ဦးနဲ့အတူ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ သံသာဝင်းကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်နေးသူပါ.။ နိုဝင်ဘာလ (၃၀)ရက်နေ့ မှာတော့ သံသာဝင်းက “ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတဲ့…ဒီတက္ကသိုလ်ကြီး နဲ့ ကျွန်မ ပက်သက်မှုအကြောင်းတွေကို ပြန်စဉ်းစားကြည့်မိလိုက်တော့….အမှတ်တရတွေက တကယ်ကို များစွာ..,,နည်းနည်းတော့ ရှည်ပါမယ်နော်

ကျွန်မက..အဲ့…ရန်ကုန်တက္ကသိုလ် ( Main ) ဆိုတဲ့ ကျောင်းတော်ဝန်းကြီးထဲမှာ ဆယ်စုနှစ် တစ်ခုကျော် တိုင်အောင် ပညာသင်ယူ အချိန်များစွာကုန်လွန်ခဲ့ဖူးတယ်ဆိုရင်….!!ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ RC2 ထဲကို ကျွန်မ စရောက်တာ (၁၉၉၄ – ၉၅) ခုနှစ်…ရူပဗေဒ အထူးပြုနဲ့ ပထမနှစ်,ဒုတိယနှစ် အတန်းတွေကို (၂) နှစ်တာ တက်ရောက်ခဲ့ပြီး..ဂုဏ်ထူးတန်းဝင်ခဲ့ပါတယ်..။ အဲဒါကြောင့် (၁၉၉၆) ပညာသင်နှစ်မှာ ကျွန်မသိပ်သွားချင်တဲ့..ရန်ကုန်တက္ကသိုလ်( Main ) ဝန်းထဲကို စတင်ခြေချ ပညာသင်ခွင့် ရခဲ့ပါတယ်..။အဲ့ဒီမှာ ဂုဏ်ထူးတန်း ပထမနှစ် ဒုတိယနှစ်နဲ့ တတိယနှစ်ထိ ဆက်တိုက် တက်ပီး (၂၀၀၀) ပြည့်နှစ်မှာကျောင်းပြီးလို့ (၂၀၀၁)ခုနှစ်မှာ B.Sc ( Honours ) ဘွဲ့ကိုရရှိခဲ့ပါတယ်..

အဲ့ဒီကမှတဆင့် (၂၀၀၂)ခုနှစ် မှာ မဟာသိပ္ပံ Master တန်း ပထမနှစ်နဲ့ ဒုတိယနှစ် ကိုဆက်တက်ခဲ့ပါတယ်.. ။(၂၀၀၃) ခုနှစ်မှာ တော့ M.Sc (Engineering) ဘွဲ့ကို ထပ်မံယူခဲ့ပါတယ်.. အဲဒါကနေ မကျေနပ်သေး သုတသနပြုဖို့ အမှတ်မှီလို့ မဟာသုတေသန Research တန်းကို နောက်ထပ် တစ်နှစ်ထပ်တက်ပါတယ် .. ။(၂၀၀၄) ခုနှစ် မှာတော့ M.Res ဘွဲ့ကိုထပ်ရခဲ့ပါတယ်… အဲ့မှာတင် ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မိသားစုကကော သူငယ်ချင်းတွေကပါ ပါရဂူဘွဲ့ ဆက်ယူဖို့ အခွင့်အရေးရှိတုန်း ဆက်တက်ပါလားလို့ အကြံပြုတိုက်တွန်းကြပါတယ်.. နောက်ထပ် (၅ ) နှစ်ကြီးများတောင် ထပ်တက်ရမှာကို တွေးကြည့်မိတော့ … အသက်(၅) နှစ် မူကြိုထဲက စတက်ခဲ့ရတဲ့ကျောင်း ဒီအသက်အရွယ်ထိ သင်လို့ပဲမကုန်နိုင် တက်လို့မပီးနိုင်ဆိုပြီး ချီတုံချတုံနဲ့ အခါခါစဉ်းစားခဲ့မိပါတယ်… ။

နောက်ဆုံးတော့ ပါရဂူကြို preliminary တန်းကို (၂၀၀၄) ကနေ (၂၀၀၅) ထိ ဆက်လက်တက်ရောက်ခဲ့ပါတယ်.. ။ အဲ့တနှစ်ပီးတာနဲ့ နောက်ထပ် (၄) နှစ်တာ ကာလကတော့…ဒီတက္ကသိုလ်ကြီးထဲမှာပဲ ဆက်လက် ပျော်ပျော်ကြီးပါပဲ.. သူငယ်ချင်းတွေနဲ့အတူ ဝင်လိုက်ထွက်လိုက်နဲ့ အတန်းတွေတက် ..lab တွေဝင် ..Seminar တွေတက်..Defense တွေထိုင် ..project တွေလုပ်ရင်းနဲ့ပဲ ..နောက်ဆုံးတော့ …(၂၀၀၉) ခုနှစ်မှာ ပါရဂူဘွဲ့ Ph.Dကိုရရှိခဲ့ပါတယ်..

အဲ့ဒီ့နေ့ကတော့ ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တနေ့ပါပဲ သူငယ်ချင်းတွေကိုဆို ကျမအမြဲ စ နောက်ပီးပြောလေ့ရှိပါတယ် ..PhD သာ တကယ်ပြီးခဲ့ရင် အဲ့နေ့ကျ ငါတကယ် ဂျွမ်းထိုးမှာလို့ ..စာတွေထပ်သင် ကျောင်းတွေထပ်သွားစရာမလိုဘူး လွတ်ပီကျွတ်ပီဆိုပြီး….တကယ်တမ်းရခဲ့တော့လည်း ဂျွမ်းထိုးဖို့မေ့သွားခဲ့ပါတယ် အချိန်တွေကြာလွန်းလို့ ..ကျောင်းဆိုရင် အသံတောင်မကြားချင်တော့လောက်အောင်တကယ်ဖြစ်ခဲ့ဖူးပါတယ်..။ အခုတော့လည်း လွမ်းမိပြန်တာပါပဲလေ… ။

အထူးသဖြင့်..ကျွန်မတို့ရဲ့ physics ဆောင်ရှေ့ နဲ့သစ်ပုတ်ပင်ကြီး..ဘွဲ့တွေအခါခါယူရလို့ ကံကောင်းစွာနဲ့ ခဏခဏ ဝင်ခွင့်ရခဲ့တဲ့ convocation hall..copy တွေ ဆွဲရလွန်းလို့ အခါခါသွားခဲ့ရတဲ့ Library ဘေးလမ်းက copy ဆိုင်…ဒူးတုန်တုန်နဲ့ ဖြတ်လျှောက်ခဲ့ရတဲ့ ဆရာကြီးဒေါက်တာစိန်ထွန်းရုံးခန်းရှေ့.. နဲ့ Theartre အခန်း..သူငယ်ချင်းတွေ နဲ့ အားတိုင်း အမြဲထိုင်နေကြ chemistry ဆောင်ရှေ့က လမင်းစားသောက်ဆိုင်နဲ့ သိပ္ပံ canteen..နာမည်ကြီးလို့ သွားလျှောက်ခဲ့ဖူးတဲ့ စစ်ကိုင်းလမ်း..လမ်းဘယ်တော့မှ ဆင်းမလျှောက်ဖြစ်ပဲ ကားနဲ့သာ မောင်းဖြတ်ဖြစ်ခဲ့တဲ့ အဓိပတိလမ်းအများကြီးပါ….

စဉ်းစားကြည့်တော့ လှိုင်နယ်မြေမှာ (၂) နှစ်..ရန်ကုန်တက္ကသိုလ် တခုထဲမှာတင်(၁၃) နှစ်..ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝက စုစုပေါင်း (၁၅) နှစ် အဲ့တော့ အမှတ်ရစရာ အကြောင်းတရားတွေလည်း များစွာ များစွာ…..ကျေးဇူးတရားတွေလည်း များစွာ…သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့….ဒီတက္ကသိုလ်ကြီး …. အခုတော့ နှစ်တရာတိုင်ခဲ့ပြီ..။

နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့အဓွန့်ရှည်ပြီး.. နိုင်ငံကိုအကျိုးပြု နိုင်ငံကအားထားရမဲ့ နောင်မျိုးဆက် ပညာတတ်သားကောင်းသမီးတွေ အများကြီး ဆက်လက်မွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကျေးဇူးတင်ဂါရဝပြုလိုက်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active Worldပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Than Thar Win’s Facebook

Violet(Cele Active World)