ငယ်ငယ်တုန်းက မာနကြီးပြီး ပိုက်ဆံရှာနိုင်ခဲ့တော့ တော်ရုံတန်ရုံဆို လူမထင်ခဲ့ဘူးဆိုတဲ့ အေးသီတာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အရင္ဗီဒီယိုကားေတြမွာတည္းက ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အျဖစ္ ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားသာမက ဇာတ္လမ္းတြဲေတြမွာပါ ပါဝင္သ႐ုပ္ေဆာင္ေနတာေတြ႕ရတဲ့ သ႐ုပ္ေဆာင္ေအးသီတာကေတာ့ ပရိသတ္အားလုံးရဲ႕ ရင္ထဲမွာ အၿမဲေနရာေပးျခင္းခံထားရတဲ့ ဝါရင့္ဇာတ္ပို႔ဇာတ္ရံတစ္ဦးဆိုရင္ မမွားပါဘူးေနာ္။ သ႐ုပ္ေဆာင္ေအးသီတာကေတာ့ ယခုကာလမွာဆိုရင္ ကား႐ိုက္ေတြနားထားရတဲ့အတြက္ တစ္ႏိုင္တစ္ပိုင္လုပ္ငန္းေလးအေနနဲ႔ မုန႔္ဟင္ခါးခ်က္ျပဳတ္ၿပီး လိုက္လံပို႔ေဆာင္ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ အန္တီေအးသီတာက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ပိုက္ဆံရွာႏိုင္ခဲ့တာ ျဖစ္တဲ့အတြက္ ဟိုအရင္တုန္းကဆိုရင္ ေတာ္႐ုံတန္႐ုံကို လူမထင္ခဲ့ဘူးဆိုတဲ့ အေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာဆိုရင္ အန္တီေအးသီတာအေနနဲ႔ ကိုယ္ပိုင္လုပ္ငန္းေလးျဖစ္တဲ့ မုန႔္ဟင္းခါး ခ်က္ျပဳတ္ေရာင္းခ်တာကလြဲလို႔ ႐ိုက္ကူးေရးလုပ္ငန္းေတြနားထားရေပမယ့္ ႐ိုက္လက္စ MRTV-4 ဇာတ္လမ္းတြဲေလးတစ္ခုေတာ့ ကိုဗစ္ကာလၿပီးတာနဲ႔ ဆက္႐ိုက္သြားဖို႔ ရွိတယ္လို႔ ေျပာျပပါတယ္။

ဇာတ္လမ္းတြဲေတြ႐ိုက္ကူးရာမွာ ထူးထူးျခားျခား အမွတ္တရရယ္လို႔ေတာ့ မရွိပဲ အၿမဲတမ္းေပ်ာ္႐ႊင္ေနရတာကေတာ့ အမွတ္တရျဖစ္စရာေကာင္းတယ္လို႔ အန္တီေအးသီတာက ေျပာျပပါတယ္။ တခ်ိဳ႕ေသာ မင္းသား၊ မင္းသမီးေတြက နာမည္ျဖင့္ႀကီးမည္မႀကံေသးဘူး ႂကြေစာင္းေစာင္းအမူအရာေတြနဲ႔ မာနႀကီးတတ္ၾကေပမယ့္ MRTV-4 က မင္းသား၊ မင္းသမီးေလးေတြကေတာ့ အခ်င္းခ်င္းေလးေလးစားစားနဲ႔ ဆက္ဆံတတ္ၾကတဲ့ အမူအရာေကာင္းေလးေတြ ရွိၾကတယ္လို႔ ေအးသီတာက ခ်ီးက်ဴးေျပာဆိုထားပါတယ္။ ႐ိုက္ကြင္းထဲမွာဆိုရင္လည္း ဟာသေတြေျပာလိုက္၊ အခ်င္းခ်င္း မုန႔္ေတြအျအန္အလွန္ ဝယ္ေႂကြးလိုက္နဲ႔ ေပ်ာ္စရာေကာင္းပါတယ္လို႔ ေအးသီတာက ဆိုပါတယ္။

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈရရွိလာတဲ့အခါ ေအာက္ေျခမလြတ္ဖို႔က အေရးႀကီးတဲ့အျပင္ ေအာင္ျမင္မႈရဲ႕ဒါဏ္ကိုလည္း ခံႏိုင္ရည္ရွိဖို႔ အေရးႀကီးတယ္လို႔ ေအးသီတာက ေျပာျပပါတယ္။

သူမဆိုရင္ အသက္(၁၆)ႏွစ္အ႐ြယ္ ဆယ္တန္းေအာင္ၿပီးတည္းက ပိုက္ဆံဝင္တဲ့အလုပ္ေတြ လုပ္လာခဲ့ရတဲ့အတြက္ ငယ္စဥ္အခါမွာ အရမ္းကို မာနေထာင္လႊားဖူးခဲ့ၿပီး မိဘအေပၚမွာသာမက ပတ္ဝန္းက်င္ကိုပါ “ငါကြ” ဆိုတဲ့ မာနထားၿပီး ဆက္ဆံခဲ့ဖူးတယ္လို႔ ေအးသီတာက ပြင့္ပြင့္လင္းလင္းပဲ ေျပာျပပါတယ္။သူမငယ္စဥ္တုန္းက မုန႔္ဟင္ခါးေရာင္း၊ ဇာတ္ပို႔ဇာတ္ရံလုပ္တဲ့အျပင္ က်ဴရွင္လည္းသင္ျပေပးတာေၾကာင့္ တစ္လကို ေ႐ႊတစ္က်ပ္သား စုေဆာင္းႏိုင္ခဲ့တဲ့အတြက္ “ငါလုပ္ႏိုင္တယ္၊ ငါရွာႏိုင္တယ္” ဆိုၿပီး ဘဝင္ျမင့္၊ ေအာက္ေျခလြတ္ခဲ့ဖူးတယ္လို႔ ေအးသီတာက ဆိုလာပါတယ္။

“အသက္ ၁၆၊ ၁၇ ေလာက္တည္းက ကိုယ္က အိမ္ေထာင္စုတစ္စုလုံးရဲ႕ တာဝန္ကို ထမ္းလာတာ၊ ဘယ္အ႐ြယ္ေလာက္မွ သေဘာေပါက္လည္း ဆိုရင္ ဘုရားတရားနဲ႔ ပတ္သတ္တဲ့ ျမတ္မဂၤလာလိုစာအုပ္ေလးေတြ ဖတ္တဲ့အခ်ိန္။ အဲ့ဒီအခ်ိန္မွာ ဘယ္သူလာဆုံးမသည္ျဖစ္ေစ နားထဲအဝင္ဘူး။ ဒါက ကိုယ္နဲ႔ႏႈိင္းဆၿပီး ေျပာျပတာေလ။ သူမ်ားက လာဆုံးမရင္လည္း ကိုယ္က အပိုေတြလာေျပာေနတယ္လို႔ပဲ ထင္တာ။ မိဘက တစ္ခြန္းေျပာရင္ေတာင္ ႏွစ္ခြန္းေလာက္ ျပန္ေျပာလိုက္ရမွ။ အခုလို အသက္ႀကီးလာတဲ့ အသက္(၃၀)ေက်ာ္၊ (၄၀) အခ်ိန္က်မွ ကိုယ္တိုင္က မိဘရဲ႕ေက်းဇူးကို နားလည္လာခဲ့ၿပီး ေလာကဓံရဲ႕ သေဘာ၊ သဘာဝကို သေဘာေပါက္လာတဲ့ အခ်ိန္က်မွ အစ္မရဲ႕ မာန္ေလွ်ာ့ႏိုင္ခဲ့တယ္။” လို႔ ေအးသီတာက ရွင္းျပပါတယ္။

သူမငယ္စဥ္ကဆို တကၠသိုလ္ေက်ာင္းသူကလည္း ျဖစ္တဲ့အျပင္ ကိုယ္ကိုယ္တိုင္ကလည္း ပိုက္ဆံေတြရွာေနႏိုင္တဲ့အတြက္ ေတာ္႐ုံကို လူမထင္ပဲ ဘယ္သူႏွင့္မွလည္း မတည့္ခဲ့ဘူးလို႔ ေအးသီတာက ေျပာျပပါတယ္။ သူမကိုယ္တိုင္ျဖစ္ခဲ့တဲ့ အထက္ပါစိတ္ဓာတ္မ်ိဳးနဲ႔ ႏႈိင္းယွဥ္ေျပာဆိုရရင္ ပိုက္ဆံေတြအမ်ားႀကီးရွာႏိုင္တဲ့ မင္းသား၊ မင္းသမီးတစ္ေယာက္က ဘာပဲျဖစ္ျဖစ္ သူတို႔လည္း စိတ္ထဲမွာ “ငါ” ဆိုတဲ့ မာန္ေလးေတြေတာ့ ရွိၾကမွာကို ကိုယ္ခ်င္းစာေပမယ့္ သူမအေနနဲ႔ကေတာ့ ေအာင္ျမင္မႈဆိုတာက ၾကာၾကာခံမခံတတ္တဲ့အတြက္ ေနာက္တက္သ႐ုပ္ေဆာင္ေတြကို အဲ့ဒီလိုမာနမ်ိဳးေတာ့ မထားေစခ်င္ဘူးလို႔ ေအးသီတာက ေစတနာေရွ႕ထားၿပီး လမ္ၫႊန္ျပသေပးခဲ့ပါေသးတယ္။

ပရိသတ္တို႔ေရ ဝါရင့္ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအးသီတာကေတာ့ ေနာက္တက္လာမယ့္ အႏုပညာရွင္တူ၊ တူမေတြကို ငယ္႐ြယ္စဥ္ ေအာင္ျမင္ေနခ်ိန္မွာ မာန္၊ မာနေတြနဲ႔ မိမိကိုယ္ကို အလြန္အမင္းအထင္ႀကီးစိတ္မဝင္ပဲ ခင္ပြန္းႀကီးဆယ္ပါးကို ေလးစား႐ိုေသၿပီး ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ညီအစ္ကို၊ ေမာင္ႏွမေတြ အေပၚကိုလည္း အျပန္အလွန္ ေလးစားမႈနဲ႔ ကိုယ္ခ်င္းစာတရားထားၿပီး ဆက္ဆံမယ္ဆိုရင္ ရရွိလာမယ့္ ေအာင္ျမင္မႈဆိုတာမ်ိဳးက အခ်ိန္အၾကာႀကီးတိုင္ေအာင္ မေပ်ာက္ပ်က္ပဲ တည္ရွိေနလိမယ္လို႔ အႏုပညာရွင္အသစ္ေတြအတြက္ လမ္းၫႊန္ျပသေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေလးနဲ႔ ပတ္သတ္တဲ့ ပရိသတ္ရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါဦးေနာ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အရင်ဗီဒီယိုကားတွေမှာတည်းက ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး အခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးများသာမက ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေတာတွေ့ရတဲ့ သရုပ်ဆောင်အေးသီတာကတော့ ပရိသတ်အားလုံးရဲ့ ရင်ထဲမှာ အမြဲနေရာပေးခြင်းခံထားရတဲ့ ဝါရင့်ဇာတ်ပို့ဇာတ်ရံတစ်ဦးဆိုရင် မမှားပါဘူးနော်။ သရုပ်ဆောင်အေးသီတာကတော့ ယခုကာလမှာဆိုရင် ကားရိုက်တွေနားထားရတဲ့အတွက် တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးအနေနဲ့ မုန့်ဟင်ခါးချက်ပြုတ်ပြီး လိုက်လံပို့ဆောင်ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ အန်တီအေးသီတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံရှာနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဟိုအရင်တုန်းကဆိုရင် တော်ရုံတန်ရုံကို လူမထင်ခဲ့ဘူးဆိုတဲ့ အကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် အန်တီအေးသီတာအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်တဲ့ မုန့်ဟင်းခါး ချက်ပြုတ်ရောင်းချတာကလွဲလို့ ရိုက်ကူးရေးလုပ်ငန်းတွေနားထားရပေမယ့် ရိုက်လက်စ MRTV-4 ဇာတ်လမ်းတွဲလေးတစ်ခုတော့ ကိုဗစ်ကာလပြီးတာနဲ့ ဆက်ရိုက်သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။

ဇာတ်လမ်းတွဲတွေရိုက်ကူးရာမှာ ထူးထူးခြားခြား အမှတ်တရရယ်လို့တော့ မရှိပဲ အမြဲတမ်းပျော်ရွှင်နေရတာကတော့ အမှတ်တရဖြစ်စရာကောင်းတယ်လို့ အန်တီအေးသီတာက ပြောပြပါတယ်။ တချို့သော မင်းသား၊ မင်းသမီးတွေက နာမည်ဖြင့်ကြီးမည်မကြံသေးဘူး ကြွစောင်းစောင်းအမူအရာတွေနဲ့ မာနကြီးတတ်ကြပေမယ့် MRTV-4 က မင်းသား၊ မင်းသမီးလေးတွေကတော့ အချင်းချင်းလေးလေးစားစားနဲ့ ဆက်ဆံတတ်ကြတဲ့ အမူအရာကောင်းလေးတွေ ရှိကြတယ်လို့ အေးသီတာက ချီးကျူးပြောဆိုထားပါတယ်။ ရိုက်ကွင်းထဲမှာဆိုရင်လည်း ဟာသတွေပြောလိုက်၊ အချင်းချင်း မုန့်တွေအအြန်အလှန် ဝယ်ကြွေးလိုက်နဲ့ ပျော်စရာကောင်းပါတယ်လို့ အေးသီတာက ဆိုပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိလာတဲ့အခါ အောက်ခြေမလွတ်ဖို့က အရေးကြီးတဲ့အပြင် အောင်မြင်မှုရဲ့ဒါဏ်ကိုလည်း ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ်လို့ အေးသီတာက ပြောပြပါတယ်။

သူမဆိုရင် အသက်(၁၆)နှစ်အရွယ် ဆယ်တန်းအောင်ပြီးတည်းက ပိုက်ဆံဝင်တဲ့အလုပ်တွေ လုပ်လာခဲ့ရတဲ့အတွက် ငယ်စဉ်အခါမှာ အရမ်းကို မာနထောင်လွှားဖူးခဲ့ပြီး မိဘအပေါ်မှာသာမက ပတ်ဝန်းကျင်ကိုပါ “ငါကွ” ဆိုတဲ့ မာနထားပြီး ဆက်ဆံခဲ့ဖူးတယ်လို့ အေးသီတာက ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။သူမငယ်စဉ်တုန်းက မုန့်ဟင်ခါးရောင်း၊ ဇာတ်ပို့ဇာတ်ရံလုပ်တဲ့အပြင် ကျူရှင်လည်းသင်ပြပေးတာကြောင့် တစ်လကို ရွှေတစ်ကျပ်သား စုဆောင်းနိုင်ခဲ့တဲ့အတွက် “ငါလုပ်နိုင်တယ်၊ ငါရှာနိုင်တယ်” ဆိုပြီး ဘဝင်မြင့်၊ အောက်ခြေလွတ်ခဲ့ဖူးတယ်လို့ အေးသီတာက ဆိုလာပါတယ်။

“အသက် ၁၆၊ ၁၇ လောက်တည်းက ကိုယ်က အိမ်ထောင်စုတစ်စုလုံးရဲ့ တာဝန်ကို ထမ်းလာတာ၊ ဘယ်အရွယ်လောက်မှ သဘောပေါက်လည်း ဆိုရင် ဘုရားတရားနဲ့ ပတ်သတ်တဲ့ မြတ်မင်္ဂလာလိုစာအုပ်လေးတွေ ဖတ်တဲ့အချိန်။ အဲ့ဒီအချိန်မှာ ဘယ်သူလာဆုံးမသည်ဖြစ်စေ နားထဲအဝင်ဘူး။ ဒါက ကိုယ်နဲ့နှိုင်းဆပြီး ပြောပြတာလေ။ သူများက လာဆုံးမရင်လည်း ကိုယ်က အပိုတွေလာပြောနေတယ်လို့ပဲ ထင်တာ။ မိဘက တစ်ခွန်းပြောရင်တောင် နှစ်ခွန်းလောက် ပြန်ပြောလိုက်ရမှ။ အခုလို အသက်ကြီးလာတဲ့ အသက်(၃၀)ကျော်၊ (၄၀) အချိန်ကျမှ ကိုယ်တိုင်က မိဘရဲ့ကျေးဇူးကို နားလည်လာခဲ့ပြီး လောကဓံရဲ့ သဘော၊ သဘာဝကို သဘောပေါက်လာတဲ့ အချိန်ကျမှ အစ်မရဲ့ မာန်လျှော့နိုင်ခဲ့တယ်။” လို့ အေးသီတာက ရှင်းပြပါတယ်။

သူမငယ်စဉ်ကဆို တက္ကသိုလ်ကျောင်းသူကလည်း ဖြစ်တဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း ပိုက်ဆံတွေရှာနေနိုင်တဲ့အတွက် တော်ရုံကို လူမထင်ပဲ ဘယ်သူနှင့်မှလည်း မတည့်ခဲ့ဘူးလို့ အေးသီတာက ပြောပြပါတယ်။ သူမကိုယ်တိုင်ဖြစ်ခဲ့တဲ့ အထက်ပါစိတ်ဓာတ်မျိုးနဲ့ နှိုင်းယှဉ်ပြောဆိုရရင် ပိုက်ဆံတွေအများကြီးရှာနိုင်တဲ့ မင်းသား၊ မင်းသမီးတစ်ယောက်က ဘာပဲဖြစ်ဖြစ် သူတို့လည်း စိတ်ထဲမှာ “ငါ” ဆိုတဲ့ မာန်လေးတွေတော့ ရှိကြမှာကို ကိုယ်ချင်းစာပေမယ့် သူမအနေနဲ့ကတော့ အောင်မြင်မှုဆိုတာက ကြာကြာခံမခံတတ်တဲ့အတွက် နောက်တက်သရုပ်ဆောင်တွေကို အဲ့ဒီလိုမာနမျိုးတော့ မထားစေချင်ဘူးလို့ အေးသီတာက စေတနာရှေ့ထားပြီး လမ်ညွှန်ပြသပေးခဲ့ပါသေးတယ်။

ပရိသတ်တို့ရေ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ နောက်တက်လာမယ့် အနုပညာရှင်တူ၊ တူမတွေကို ငယ်ရွယ်စဉ် အောင်မြင်နေချိန်မှာ မာန်၊ မာနတွေနဲ့ မိမိကိုယ်ကို အလွန်အမင်းအထင်ကြီးစိတ်မဝင်ပဲ ခင်ပွန်းကြီးဆယ်ပါးကို လေးစားရိုသေပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ညီအစ်ကို၊ မောင်နှမတွေ အပေါ်ကိုလည်း အပြန်အလှန် လေးစားမှုနဲ့ ကိုယ်ချင်းစာတရားထားပြီး ဆက်ဆံမယ်ဆိုရင် ရရှိလာမယ့် အောင်မြင်မှုဆိုတာမျိုးက အချိန်အကြာကြီးတိုင်အောင် မပျောက်ပျက်ပဲ တည်ရှိနေလိမယ်လို့ အနုပညာရှင်အသစ်တွေအတွက် လမ်းညွှန်ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်တဲ့ ပရိသတ်ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။