ဟန်ငြိမ်းဦးရဲ့ စွပ်စွဲပြောဆိုချက်တွေကို သူမပရိတ်သတ်တွေစိတ်ရှင်းသွားစေဖို့ ပြန်လည်ဖြေရှင်းလာတဲ့ သံသာမိုးသိမ့်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Myanmar Cele-Cafe
Unicode ဖြင့်ဖတ်ပါ
★★★★★
ဟန်ငြိမ်းဦးရဲ့ စွပ်စွဲပြောဆိုချက်တွေကို သူမပရိတ်သတ်တွေစိတ်ရှင်းသွားစေဖို့ ပြန်လည်ဖြေရှင်းလာတဲ့ သံသာမိုးသိမ့်….
ပရိသတ်ကြီးရေ သံသာမိုးသိမ့်ကတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တာပါနော်။ ပရိသတ်တွေအထူးစိတ်ဝင်စားခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ”အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ခဲ့တာပါ။
သံသာမိုးသိမ့်ကတော့ အခုလို Covid ကာလမှာ သူမရဲ့ ချစ်တဲ့ပရိသတ်တွေနဲ့ အတူ အလှူငွေကောက်ခံကာ လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အလှူငွေတွေကို အရေးတကြီးလိုအပ်နေတဲ့ ဆေးရုံတစ်ချို့နဲ့ ဧရာဝတီ Quarantine စင်တာကို သွားရောက်ကာကိုယ်တိုင်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့အခုချိန်မှာ ပရိသတ်အားပေးမှုတွေအခိုင်အမာရရှိနေပြီပဲ ဖြစ်ပြီး အနုပညာအလုပ်တွေလည်း မအားလပ်နိုင်အောင်လုပ်ကိုင်နေရသူတစ်ဦးပါ။
ဒီနေ့မှာတော့ ” သံသာပရိတ်သတ်တွေရှင်းစေချင်လို့ရှင်းပေးလိုက်ပါတယ်နော် .. သံသာကတော့ ရှင်းဖို့စိတ်ကူးလည်းမရှိလို့မရှင်းဘူးလုပ်ပေမယ့်အိမ်ကိုဖုန်းတွေဆက်ငိုကြတော့ သံသာလည်းစိတ်မကောင်းပါဘူးနော်။အားလုံးထင်နေသလိုလည်းမဟုတ်တဲ့အပြင်ဖုံးကွယ်ထားစရာလည်းမရှိတာမို့လို့ ရဲရဲဝင့်ဝင့်ကိုရှင်းပေးတာပါနော်။သံသာကအပြင်စီးပွားရေးလည်းလုပ်တာမို့ သံသာမာမိတ်ဆွေအပေါင်းသင်းများပါတယ်။
တူတူထိုင်နေတာနဲ့ ကြိုက်နေပါတယ်ဆိုရင်တော့ သက်သေဆိုတာမလုံလောက်ရင်ငပေါဖြစ်တက်ပါတယ်လိုengagement တွေနဲနဲကျနေတဲ့အချိန် ပရိသတ်စိတ်ဝင်စားအောင်လုပ်ပေးတာအတွက်ကတော့ ကျေးဇူးတအားတင်ပါတယ်။”ဆိူတဲ့စာလေးနဲ့ သူမအားချစ်သူရရှိနေပြီဆိုတဲ့ ဟန်ငြိမ်းဦးရဲ့ ပြောဆိုမှုကို ချက်ချင်းတုံ့ပြန်ဖြေရှင်းခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : ThanThar Moe Theint
Myanmar Cele-Cafe