အသစ်ထွက်မယ့် အယ်လ်ဘမ်က သီချင်းအသစ်မှာ ခေတ်နဲ့သစ်ရဲ့ အသံလေးတွေကို ထည့်သွင်းအသုံးပြုထားကြောင်း ပြောလာတဲ့ လင်းလင်း


ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သီခ်င္းေတြကို ကိုယ္တိုင္ရင္ဘတ္ႀကီးနဲ႔ခံစားၿပီး ေရးသားတဲ့ လင္းလင္းကေတာ့ ေတးေရးဆရာတစ္ေယာက္အျဖစ္ကေန အဆိုေတာ္ျဖစ္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လင္းလင္းကေတာ့ လက္ရွိမွာလည္း သူဝါသနာပါရာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို ေခတ္သစ္ေဖာင္ေဒးရွင္းအလုပ္နဲ႔ မိသားစုတာဝန္ေတြကို ထမ္းေဆာင္ေနတဲ့ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ သူ႔ရဲ႕ အယ္လ္ဘမ္အသစ္အတြက္ အလုပ္ရႈပ္ေနတဲ့ လင္းလင္းက သူ႔ရဲ႕ အယ္လ္ဘမ္အသစ္မွာေတာ့ ေခတ္နဲ႔သစ္ရဲ႕ အသံေလးေတြကို ထည့္သြင္းအသုံးျပဳထားေၾကာင္း ေျပာျပလာခဲ့ပါတယ္။

“ကေလးေမြးတဲ့အခ်ိန္ ျဖစ္ေပၚခံစားရတဲ့ မိဘေတြရဲ႕ ေပ်ာ္႐ႊင္မႈ , စိုးရိမ္မႈ၊ သခ်ႋဳင္းတစ္ဖက္လွမ္းရင္း သားသမီးကိုလူ႔ဘဝထဲ ေခၚရတဲ့မိခင္။ ရတာေရာ၊ မရတာေရာ မပီကလာ ပီကလာ နဲ႔ စဥ္းစားမိသမွ် ဆုေတာင္းစာ အကုန္ထိုင္႐ြတ္ေနရတဲ့ ဖခင္။ ကိုယ္တိုင္ႀကဳံရေတာ့ ကိုယ့္မိဘေတြအေပၚ ထပ္ပိုေမတၱာႀကီးရတဲ့ ခံစားမႈ စတဲ့ ခံစားမႈေတြအားလုံးကို ထုံးမႊန္းၿပီးေရးဖြဲ႕ထားတဲ့ သီခ်င္းေလးတစ္ပုဒ္ အခုထြက္မယ့္ေခြထဲမွာပါတယ္။ အဲဒီသီခ်င္းထဲမွာ ဆရာမႏွစ္ပါးရဲ႕ အသံေလးေတြပါ ေရာမွာဆိုေတာ့ ေျပာခ်င္တာက ခုမွလာတယ္။ သူတို႔ vocal date ေလ ” ဆိုျပီး သူ့ရဲ့ သီခ်င္းအတြက္ အသံသြင္းေနတဲ့ ေခတ္နဲ့သစ္ရဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။

လင္းလင္းကေတာ့ သူ့ရဲ့ အသစ္ထြက္မယ့္ အယ္လ္ဘမ္အသစ္အတြက္ နွစ္နဲ့ခ်ီျပီး အခ်ိန္ေပးထားခဲ့တာမို့ အရင္ကထြက္တဲ့ အယ္လ္ဘမ္ေတြထက္ ပိုျပီး ေကာင္းမယ္ဆိုတာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ေခတ္နဲ့သစ္ရဲ့ တီတီတာတာ အသံေလးေတြပါတဲ့ လင္းလင္းရဲ့ သီခ်င္းသစ္ေလးကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အသစ်ထွက်မယ့် အယ်လ်ဘမ်က သီချင်းအသစ်မှာ ခေတ်နဲ့သစ်ရဲ့ အသံလေးတွေကို ထည့်သွင်းအသုံးပြုထားကြောင်း ပြောလာတဲ့ လင်းလင်း

သီချင်းတွေကို ကိုယ်တိုင်ရင်ဘတ်ကြီးနဲ့ခံစားပြီး ရေးသားတဲ့ လင်းလင်းကတော့ တေးရေးဆရာတစ်ယောက်အဖြစ်ကနေ အဆိုတော်ဖြစ်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လင်းလင်းကတော့ လက်ရှိမှာလည်း သူဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ခေတ်သစ်ဖောင်ဒေးရှင်းအလုပ်နဲ့ မိသားစုတာဝန်တွေကို ထမ်းဆောင်နေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် အလုပ်ရှုပ်နေတဲ့ လင်းလင်းက သူ့ရဲ့ အယ်လ်ဘမ်အသစ်မှာတော့ ခေတ်နဲ့သစ်ရဲ့ အသံလေးတွေကို ထည့်သွင်းအသုံးပြုထားကြောင်း ပြောပြလာခဲ့ပါတယ်။

“ကလေးမွေးတဲ့အချိန် ဖြစ်ပေါ်ခံစားရတဲ့ မိဘတွေရဲ့ ပျော်ရွှင်မှု , စိုးရိမ်မှု၊ သင်္ချိုင်းတစ်ဖက်လှမ်းရင်း သားသမီးကိုလူ့ဘဝထဲ ခေါ်ရတဲ့မိခင်။ ရတာရော၊ မရတာရော မပီကလာ ပီကလာ နဲ့ စဉ်းစားမိသမျှ ဆုတောင်းစာ အကုန်ထိုင်ရွတ်နေရတဲ့ ဖခင်။ ကိုယ်တိုင်ကြုံရတော့ ကိုယ့်မိဘတွေအပေါ် ထပ်ပိုမေတ္တာကြီးရတဲ့ ခံစားမှု စတဲ့ ခံစားမှုတွေအားလုံးကို ထုံးမွှန်းပြီးရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ် အခုထွက်မယ့်ခွေထဲမှာပါတယ်။ အဲဒီသီချင်းထဲမှာ ဆရာမနှစ်ပါးရဲ့ အသံလေးတွေပါ ရောမှာဆိုတော့ ပြောချင်တာက ခုမှလာတယ်။ သူတို့ vocal date လေ ” ဆိုပြီး သူ့ရဲ့ သီချင်းအတွက် အသံသွင်းနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

လင်းလင်းကတော့ သူ့ရဲ့ အသစ်ထွက်မယ့် အယ်လ်ဘမ်အသစ်အတွက် နှစ်နဲ့ချီပြီး အချိန်ပေးထားခဲ့တာမို့ အရင်ကထွက်တဲ့ အယ်လ်ဘမ်တွေထက် ပိုပြီး ကောင်းမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ တီတီတာတာ အသံလေးတွေပါတဲ့ လင်းလင်းရဲ့ သီချင်းသစ်လေးကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections