ဇာတ်လမ်းအပြည့်အစုံမချပြသေးရခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွားခဲ့တဲ့ စမိုင်းလ်ရဲ့ “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကား

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Smile ‘s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇာတ်လမ်းအပြည့်အစုံမချပြသေးရခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွားခဲ့တဲ့ စမိုင်းလ်ရဲ့ “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကား

ချစ်စရာကောင်းပြီး နွေးထွေးလုံခြုံမှုတွေနဲ့ လွှမ်းခြုံထားတဲ့ စမိုင်းလ်တို့ မိသားစုလေးကို ပရိသတ်တိုင်း ချစ်ကြမယ် ထင်ပါတယ်။ စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာတွေ၊ သီချင်း MV တွေမှာ နေရာယူထားနိုင်ခဲ့ပြီး အသက်အရွယ်တစ်ခုကို ရောက်ရှိလာချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့သာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပြီး အနုပညာအလုပ်တွေကို ရံဖန်ရံခါမှသာ ပြုလုပ်တော့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ စမိုင်းလ်ရဲ့ နည်းပါးလှတဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကိုပါ စိတ်ဝင်စားနဲ့ စောင့်ကြည့် အားပေးကြတာ ဖြစ်ပါတယ်။

အခုဆိုရင် Smile အွန်လိုင်းရုပ်ရှင်ရုံဆိုပြီး ရုပ်ရှင် Application တစ်ခုကိုလည်း ထုတ်လုပ်ထားတဲ့ စမိုင်းလ်က ဒီကနေ့မှာတော့ သူမရဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံက ပြသမယ့် “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး အခုလိုပဲ သတင်းကောင်းလေး ပြောလာပါတယ်။ ” သိဘူးရစ်မယ် 10million views ဖြစ်သွားတဲ့အထိအားပေးကြတဲ့ Smiley များအားလုံးကျေးဇူးအထူးပါရှင် Smileအွန်လိုင်းရုပ်ရှင်ရုံ မှာအသစ်တင်မဲ့ဇာတ်ကားလေး ထွက်ရင်လည်း အားပေးကြပါဦးနော်” ဆိုပြီး ပြောပြလာပါတယ်။

စမိုင်းလက်တော့ ဇာတ်လမ်းအပြည့်အစုံမချပြသေးရခင်မှာပဲ အားပေးသူ (၁၀) သန်းကျော်သွားခဲ့တဲ့ သူမရဲ့ “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကားအကြောင်း ဝမ်းသာစွာ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ “သိဘူး ရစ်မယ်” ရုပ်ရှင်ဇာတ်ကား ကို Smile အွန်လိုင်းရုပ်ရှင်ရုံမှာ အားပေးကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Smile ‘s fb
Bilie – Cele Connections