ဖေ့စ်ဘုတ်အကောင့်မှာ ပထမဦးဆုံးအကြိမ် ပရိသတ်တွေနဲ့ Live လွှင့်စကားပြောရင်း ညီမလေး စွဲညှို့ရှင်ကိုပါ ပွဲထုတ်လာတဲ့ ဟိန်းဝေယံ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ဖေ့စ်ဘုတ်အကောင့်မှာ ပထမဦးဆုံးအကြိမ် ပရိသတ်တွေနဲ့ Live လွှင့်စကားပြောရင်း ညီမလေး စွဲညှို့ရှင်ကိုပါ ပွဲထုတ်လာတဲ့ ဟိန်းဝေယံ

တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးခဲ့ကြရတဲ့ မင်းသားချောလေး ဟိန်းဝေယံကတော့ ဒီနေ့ထိတိုင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ယောက်ျားလေးပေမယ့် ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ မင်းသားချောလေး ဟိန်းဝေယံကတော့ လူငယ်တစ်ယောက်ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်လွန်းသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယောကျာ်းလေးတစ်ယောက်ဖြစ်သင့်တဲ့အတိုင်း တည်တည်ကြည်ကြည်ရှိတဲ့ ဟိန်းဝေယံကို သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာမက အပြင်က နေထိုင်မှုပုံစံကိုပါ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဟိန်းဝေယံက သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှကနေ ပထမဦးဆုံးအကြိမ် Live လွှင့်ပြီး စကားပြောလာခဲ့ပါတယ်။ ဟိန်းဝေယံက သူနဲ့အတူတူ ညီမလေး စွဲညှို့ရှင်ကိုလည်း ပွဲထုတ်ထားပြီး လွမ်းနေကြတဲ့ ပရိသတ်တွေကို Live ကနေ တဆင့် မိသားစုတွေ စကားပြောသလို တရင်းတနှီးစကားပြောခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဟိန်းဝေယံကတော့ အခုဆိုရင် အသက် (၃၀) ကျော်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံနဲ့အတူတူ ဟိန်းဝေယံရဲ့ ညီမလေး စွဲညှို့ရှင်ကိုလည်း ချစ်ခင်အားပေးကြဖို့ တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Heinn Wai Yan’s fb
Bilie – Cele Connections