(၄၃) နှစ်အရွယ်မှာ အနီးကပ်ကြည့်တာတောင် အရေးအကြောင်းတစ်ခုမရှိတဲ့ ဘုရားပေးတဲ့သဘာဝအလှတရားကို ပြသလာတဲ့ အိန္ဒြာကျော်ဇင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

(၄၃) နှစ်အရွယ်မှာ အနီးကပ်ကြည့်တာတောင် အရေးအကြောင်းတစ်ခုမရှိတဲ့ ဘုရားပေးတဲ့သဘာဝအလှတရားကို ပြသလာတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီး တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အလှမယ် ဘဝကနေ အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့ပြီးနောက် အခုဆိုရင် အကယ်ဒမီဆုကြီး များစွာကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိအချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီး များစွာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေရဆဲ ဖြစ်ပြီး အနုပညာလောကကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဆဲဆိုလည်း မမှားပါဘူး။ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မိခင်ကောင်းတစ်ယောက်အဖြစ် ကြိုးစားရပ်တည်နေသူတစ်ယောက် ဖြစ်ပါတယ်။

အခုဆိုရင် အသက် (၄၃) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ဒီကနေ့မှာတော့ သူမရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးတစ်ခုကို အမှတ်တရ ချပြလာပါတယ်။ ထိုဗီဒီယိုမှာ အိန္ဒြာကျော်ဇင်ရဲ့ အနီးကပ်မျက်နှာလေးကို တွေ့မြင်ရပြီး သူမရဲ့ ဖြူဖြူနုနုမျက်နှာလေးမှာ အရေးအကြောင်းတစ်ခုရယ်လို့ ရှာမတွေ့နိုင်အောင် ပြေပြစ်လှပနေဆဲဖြစ်တာကို အခုလိုမျိုးပဲ နီးနီးကပ်ကပ်တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ (၄၃) နှစ်အရွယ် သက်လတ်ပိုင်း ကလေးမိခင်ဖြစ်ပေမယ့် ငယ်ငယ်ကအတိုင်း မလျော့သွားတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားတာ သူမအတွက် ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ပရိသတ်ကြီးလည်း အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အံ့သြမှင်သက်နေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections