အဝတ်အစားဝတ်တဲ့နေရာမှာ ချေးများလွန်းတဲ့ ညီမလေး သဉ္ဇာကို Live လွှင့်နေတုန်း ဆေးကြီးကြီးထိုးပြီး စနောက်ကျီစယ်ခဲ့တဲ့ ဝါဆိုမိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Warso Moe Oo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အဝတ်အစားဝတ်တဲ့နေရာမှာ ချေးများလွန်းတဲ့ ညီမလေး သဉ္ဇာကို Live လွှင့်နေတုန်း ဆေးကြီးကြီးထိုးပြီး စနောက်ကျီစယ်ခဲ့တဲ့ ဝါဆိုမိုးဦး

အသက်ဆယ်နှစ်စွန်းစွန်းအရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ခဲ့တဲ့ ဝါဆိုမိုးဦးကတော့ အခုဆိုရင် တစ်နိုင်ငံလုံးက ချစ်ကြတဲ့ အဆိုတော် သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက သူမကိုယ်တိုင်လည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသလို သူမရဲ့ ချစ်စရာကောင်းတဲ့ ညီမလေး သဉ္ဇာကိုလည်း အနုပညာလမ်းကြောင်းပေါ်ရောက်အောင် ဖေးမပေးနေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာကလည်း တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်လက်ခံသူတစ်ယောက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။

ညီအစ်မအရင်းတွေဖြစ်သလို အနုပညာလောကမှာ ကျင်လည်နေကြတာချင်းလည်းတူညီတဲ့ ဝါဆိုမိုးဦးနဲ့ သဉ္ဇာတို့ ညီအစ်မနှစ်ယောက်က မနေ့က ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ ပရိသတ်တွေအတွက် Live လွှင့်ပေးလာခဲ့တာကို တွေ့ရပါတယ်။ ဝါဆိုမိုးဦးကတော့ သူမရဲ့ Live ဗီဒီယိုမှာ အဝတ်အစားဝတ်တဲ့နေရာမှာ ချေးများလွန်းတဲ့ ညီမလေး သဉ္ဇာကို ဆေးကြီးကြီးထိုးပြီး သူမစိတ်တိုင်းကျ လူငယ်ဆန်ဆန်လည်း ဆင်ပေးခဲ့တာကို အခုလိုမျိုးပဲ ချစ်စဖွယ် တွေ့ရပါတယ်။

သဉ္ဇာကတော့ မိန်းကလေးဆန်ဆန် ဂါဝန်လေးတွေ စကပ်လေးတွေကို ဝတ်ဆင်ရတာကြိုက်ပြီး အစ်မဖြစ်သူ ဝါဆိုမိုးဦးကတော့ သူမကို လူငယ်ဆန်ဆန် ဝတ်စေချင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဆိုမိုးဦးတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Warso Moe Oo’s fb
Bilie – Cele Connections