ကိုဗစ်ပိုးကင်းစင်ပြီး အိမ်ပြန်ရောက်နေပြီဆိုပေမယ့် ဧရာဝတီစင်တာကိုပြန်သွားပြီး စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဦးမယ်ဆိုတဲ့ နေလင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇာတ္ပို့၊ ဇာတ္ရံ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေနလင္းကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ဇာတ္လမ္းဇာတ္အိမ္ကို အရိွန္အဟုန္ျမင့္ေစေအာင္ ကူညီပံ့ပိုးေပးရတဲ့ အေရးပါတဲ့ သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေနလင္းက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရလို့ ဧရာဝတီကိုဗစ္စင္တာမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ကိုဗစ္လူနာျဖစ္ေပမယ့္ ဆရာဝန္ၾကီးေတြနဲ့ က်န္းမာေရးဝန္ထမ္းေတြေၾကာင့္ တစ္ေန့ထက္တစ္ေန့ ေနေကာင္းသက္သာလာတဲ့ ေနလင္းက ဒီကေန့မွာေတာ့ ေဆးရံုကေန ဆင္းလာခဲ့ျပီဆိုေပမယ့္ မၾကာခင္အခ်ိန္အတြင္းမွာ ဧရာဝတီကိုဗစ္ကုသေရးစင္တာကို သြားျပီး ေစတနာ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ဦးမယ္ဆိုတဲ့အေၾကာင္းကို ေျပာလာပါတယ္။

“ကြ်န္ေတာ္အိမ္ျပန္ေရာက္ပါျပီခင္ဗ်ာ။ အားလံုး အာလံုးကို ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ ဧရာစင္တာမွာ က်န္ခဲ့သူအားလံုးကိုလည္း သတိရေနပါတယ္ခင္ဗ်ာ။ အတြင္းစည္း အျပင္စည္းအားလံုး ေဘးကင္းၾကပါေစခင္ဗ်ာ။ လူကအျပင္‌ေရာက္သြား‌ေပမယ့္ စိတ္ကေတာ့Q မိေနတုန္းပါလို ့့လမ္းႀကံဳရင္မ်က္ဝန္းတစံုကိုေျပာေပးၾကပါဦးဗ်ာ ….P (Positive)ဘဝကေန Q (Quarantine)ဝင္ရပီး R (Relationship) P Q R မျဖစ္ခဲ့ရ‌‌ေပမယ္ ့ V (Volunteers) Official ဘဝနဲ႔မၾကာခင္ျပန္လာခဲ့ပါမယ္ခင္ဗ်ာ” ဆိုျပီး ေျပာလာပါတယ္။

ေနလင္းကေတာ့ ကိုဗစ္စင္တာမွာ (၁၄) ရက္တိတိ ေဆးကုသမႈခံယူခဲ့ရျပီး အခုဆိုရင္ ပကတိအတိုင္း ေနေကာင္းက်န္းမာေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနလင္းကေတာ့ သူ့လိုမ်ိဳး ေရာဂါကူးစက္ခံရတဲ့လူနာေတြကို ကူညီဖို့ ေစတနာ့ဝန္ထမ္းလုပ္အားေပးအျဖစ္ သြားေရာက္တာဝန္ထမ္းေဆာင္ဦးမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Linn’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ်ပိုးကင်းစင်ပြီး အိမ်ပြန်ရောက်နေပြီဆိုပေမယ့် ဧရာဝတီစင်တာကိုပြန်သွားပြီး စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဦးမယ်ဆိုတဲ့ နေလင်း

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို အရှိန်အဟုန်မြင့်စေအောင် ကူညီပံ့ပိုးပေးရတဲ့ အရေးပါတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရလို့ ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်ပေမယ့် ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် တစ်နေ့ထက်တစ်နေ့ နေကောင်းသက်သာလာတဲ့ နေလင်းက ဒီကနေ့မှာတော့ ဆေးရုံကနေ ဆင်းလာခဲ့ပြီဆိုပေမယ့် မကြာခင်အချိန်အတွင်းမှာ ဧရာဝတီကိုဗစ်ကုသရေးစင်တာကို သွားပြီး စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဦးမယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

“ကျွန်တော်အိမ်ပြန်ရောက်ပါပြီခင်ဗျာ။ အားလုံး အာလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဧရာစင်တာမှာ ကျန်ခဲ့သူအားလုံးကိုလည်း သတိရနေပါတယ်ခင်ဗျာ။ အတွင်းစည်း အပြင်စည်းအားလုံး ဘေးကင်းကြပါစေခင်ဗျာ။ လူကအပြင်‌ရောက်သွား‌ပေမယ့် စိတ်ကတော့Q မိနေတုန်းပါလို့လမ်းကြုံရင်မျက်ဝန်းတစုံကိုပြောပေးကြပါဦးဗျာ ….P (Positive)ဘဝကနေ Q (Quarantine)ဝင်ရပီး R (Relationship) P Q R မဖြစ်ခဲ့ရ‌‌ပေမယ့် V (Volunteers) Official ဘဝနဲ့မကြာခင်ပြန်လာခဲ့ပါမယ်ခင်ဗျာ” ဆိုပြီး ပြောလာပါတယ်။

နေလင်းကတော့ ကိုဗစ်စင်တာမှာ (၁၄) ရက်တိတိ ဆေးကုသမှုခံယူခဲ့ရပြီး အခုဆိုရင် ပကတိအတိုင်း နေကောင်းကျန်းမာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေလင်းကတော့ သူ့လိုမျိုး ရောဂါကူးစက်ခံရတဲ့လူနာတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်းလုပ်အားပေးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ဦးမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Linn’s fb
Bilie – Cele Connections