ဘုရားဝတ်ပြုနေတဲ့ မေမေမယ်လိုဒီရဲ့အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြေးစည်ထု မေတ္တာပို့နေတဲ့ သားအလိမ္မာလေး သဒ္ဓိစစ်ရဲ့ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Melody Myo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဘုရားဝတ်ပြုနေတဲ့ မေမေမယ်လိုဒီရဲ့အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြေးစည်ထု မေတ္တာပို့နေတဲ့ သားအလိမ္မာလေး သဒ္ဓိစစ်ရဲ့ဗီဒီယို

နိုင်ငံခြားသူလေးတစ်ယောက်လို ကြည်လင်ဝင်းပတဲ့ မျက်နှာလေးနဲ့ အပြစ်ဆိုရက်စရာမရှိအောင်လှတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပါပဲ။ မယ်လိုဒီကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ တစ်ယောက်တည်း ရပ်တည်ပြီး အနုပညာအလုပ်တွေတစ်ဖက်နဲ့ သားလေး သဒ္ဓိစစ်ကို ရင်အုပ်မကွာ စောင့်ရှောက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီရဲ့ သားလေး သဒ္ဓိစစ်ကလည်း မေမေနဲ့တူတဲ့ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေရတဲ့ ကလေးလေးတစ်ယောက်ပါပဲ။

အခုဆိုရင် (၅) နှစ်ကျော်အရွယ်သာရှိသေးတဲ့ သဒ္ဓိစစ်ကတော့ မေမေရဲ့ ယဉ်ကျေးတဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို အတုယူတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် ဘုရားတရားလုပ်တတ်တဲ့ သဒ္ဓိစစ်လေးက ဒီကနေ့မှာလည်း ဘုရားဝတ်ပြုနေတဲ့ မေမေမယ်လိုဒီရဲ့အနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြေးစည်ထု မေတ္တာပို့နေတာကို အခုလိုမျိုးပဲ ချစ်စဖွယ်လေး တွေ့ရပါတယ်။

မယ်လိုဒီကတော့ တကယ့်ကိုချစ်စရာကောင်းပြီး အပြုအမူမှာလည်း ယဉ်ကျေးသိမ်မွေ့တဲ့ သားအလိမ္မာလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားသားလေး သိဒ္ဓိစစ်လည်း မိဘအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ သားအလိမ္မာလေးတစ်ယောက် ဖြစ်လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Melody Myo’s fb
Bilie – Cele Connections