သမီးငယ်မှုံကို ဦးနှောက်ပုံမှန်ပြန်ဖြစ်အောင် လေ့ကျင့်ပေးရင်း အိမ်မှာပဲ ဆေးကုသပေးဖို့ပြန်ခေါ်လာခဲ့တဲ့ သရုပ်ဆောင် မင်းညီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္သလို ဒါရိုက္တာတစ္ေယာက္လည္းျဖစ္တဲ့ မင္းညီကေတာ့ သမီးနွစ္ေယာက္၊ သားတစ္ေယာက္နဲ့ သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ မင္းညီရဲ့ သမီးအလတ္ေလးမႈံကေတာ့ စိတ္မေကာင္းစြာနဲ့ပဲ ျပီးခဲ့တဲ့ ဒီဇင္ဘာလ (၈) ရက္ေန့က ေနအိမ္မ်က္နွာက်က္ကေန ျပဳတ္က်ခဲ့ျပီး ညတြင္းခ်င္းပဲ ေဆးရံုတင္ခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သမီးေလးအတြက္ စိတ္မေကာင္းၾကီးစြာျဖစ္ခဲ့ရသလုိ မင္းညီကလည္း စိတ္ပူေနၾကတဲ့ ပရိသတ္ေတြအတြက္ သမီးေလးရဲ့ က်န္းမာေရးအေျခအေနေတြကို အျမဲမျပတ္ေျပာျပေနတာပဲ ျဖစ္ပါတယ္။

မေန့က ဒီဇင္ဘာလ (၉) ရက္ေန့မွာေတာ့ မင္းညီက သမီးငယ္မႈံကို ေဆးရံုကေန ေနအိမ္ကို ျပန္ေခၚလာျပီဆိုတဲ့အေၾကာင္းကို “တာဝန္ေက်တာထက္ပိုေသာ ျပည္သူအေပါင္းလူရႊင္ေတာ္အဖြဲ႕ အထပ္ထပ္ေက်းဇူးတင္ရပါတယ္။ သမီးငယ္ အိမ္မွာပဲ ေနရင္း ပံုမွန္ဦးေႏွာက္ျဖစ္ေအာင္ ျပန္ေခၚလာေပးတာ ဘယ္လိုေျပာရမွန္းေတာင္မသိေတာ့ပါဘူးဗ်ာ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

မင္းညီကေတာ့ ဖခင္တစ္ေယာက္ပီပီ သမီးေလးအတြက္ စိုးရိမ္တၾကီးျဖစ္ခဲ့ရျပီး သမီးေလး အသက္အႏၱရာယ္မရိွေတာ့ေပမယ့္လည္း စိတ္ပူေနရဆဲ ျဖစ္ပါတယ္။ မင္းညီရဲ့ သမီးေလးမႈံလည္း အျမန္ဆံုးေနေကာင္းသက္သာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Min Nyi’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သမီးငယ်မှုံကို ဦးနှောက်ပုံမှန်ပြန်ဖြစ်အောင် လေ့ကျင့်ပေးရင်း အိမ်မှာပဲ ဆေးကုသပေးဖို့ပြန်ခေါ်လာခဲ့တဲ့ သရုပ်ဆောင် မင်းညီ

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ မင်းညီကတော့ သမီးနှစ်ယောက်၊ သားတစ်ယောက်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မင်းညီရဲ့ သမီးအလတ်လေးမှုံကတော့ စိတ်မကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၈) ရက်နေ့က နေအိမ်မျက်နှာကျက်ကနေ ပြုတ်ကျခဲ့ပြီး ညတွင်းချင်းပဲ ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သမီးလေးအတွက် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသလို မင်းညီကလည်း စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သမီးလေးရဲ့ ကျန်းမာရေးအခြေအနေတွေကို အမြဲမပြတ်ပြောပြနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ မင်းညီက သမီးငယ်မှုံကို ဆေးရုံကနေ နေအိမ်ကို ပြန်ခေါ်လာပြီဆိုတဲ့အကြောင်းကို “တာဝန်ကျေတာထက်ပိုသော ပြည်သူအပေါင်းလူရွှင်တော်အဖွဲ့ အထပ်ထပ်ကျေးဇူးတင်ရပါတယ်။ သမီးငယ် အိမ်မှာပဲ နေရင်း ပုံမှန်ဦးနှောက်ဖြစ်အောင် ပြန်ခေါ်လာပေးတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

မင်းညီကတော့ ဖခင်တစ်ယောက်ပီပီ သမီးလေးအတွက် စိုးရိမ်တကြီးဖြစ်ခဲ့ရပြီး သမီးလေး အသက်အန္တရာယ်မရှိတော့ပေမယ့်လည်း စိတ်ပူနေရဆဲ ဖြစ်ပါတယ်။ မင်းညီရဲ့ သမီးလေးမှုံလည်း အမြန်ဆုံးနေကောင်းသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Min Nyi’s fb
Bilie – Cele Connections