ဆေးရုံကို လူနာသတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံကို အစားအသောက်တွေနဲ့ ကိုယ်တိုင်ဧည့်ခံတဲ့ သမီးနှစ်ယောက်အကြောင်း ပြောလာတဲ့ လင်းလင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Htwe Lynn Ko’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆေးရုံကို လူနာသတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံကို အစားအသောက်တွေနဲ့ ကိုယ်တိုင်ဧည့်ခံတဲ့ သမီးနှစ်ယောက်အကြောင်း ပြောလာတဲ့ လင်းလင်း

နာမည်ကြီး တေးရေး၊ တေးဆိုတစ်ယောက်ဖြစ်တဲ့ လင်းလင်းကတော့ ဂီတလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေသလို သာယာလှပတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းကတော့ သူ့ရဲ့ နေ့ရက်တိုင်းကို စိတ်ချမ်းသာမှုတွေများစွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ကိုသာမက သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကိုလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သုဝေက ခါးအရိုးအက်ဒဏ်ရာကြောင့် ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လင်းလင်းက ဆေးရုံကို လူနာသတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံကို အစားအသောက်တွေနဲ့ ကိုယ်တိုင်ဧည့်ခံတဲ့ သမီးနှစ်ယောက်အကြောင်းကို “လူငယ်တွေ စကားလက်ဆုံကြတုန်း လူကြီးဆရာမနှစ်ယောက် မုန့်များဖြင့် ကိုယ်တိုင်ဧည့်ခံ, ကိုယ်တိုင်စားသောက် :))))) အိပ်ယာပေါ်က ဆရာမ အခြေအနေအထူးကောင်းမွန်လာ၍ ဘောလုံးချိန်းပွဲကန်ရန် ကိုမျိုးကြီးနဲ့ တိုင်ပင်ပြင်ဆင် :)))))” ဆိုပြီး အမှတ်တရ ဓာတ်ပုံလေး မျှဝေလာပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ မေမေ့ဆီ သတင်းလာမေးကြတဲ့ ဦးဦးမျိုးကြီးတို့ကို မုန့်တွေနဲ့ ကိုယ်တိုင်ဧည့်ခံပြီး လူကြီးလေးလို ပြုမူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်လေးနဲ့ သစ်လေးရဲ့ လုပ်ရပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections