ပရိသတ်တွေရှေ့ ချမပြဖူးသေးတဲ့ သမီးလေး စံထိပ်ထားဦးနဲ့ သူမရဲ့ ငယ်ဘဝပုံရိပ်လေးကို ချပြခဲ့တဲ့ ခိုင်သင်းကြည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







(Cele Active World)

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိတ်သတ်တွေလုံးဝမမြင်ဖူးလောက်တဲ့ သမီးလေးငယ်ငယ်က သူမနဲ့ တွဲရိုက်ထားတဲ့ပုံလေးကို မိုင်ဒေးမှာတင်ပေးလာတဲ့ ခိုင်သင်းကြည်..

ပရိသတ်ကြီးရေ ထိပ်တန်း မင်းသမီးတွေထဲက တစ်ဦးဖြစ်သူ မင်းသမီး ခိုင်သင်းကြည်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ သမ္ဘာရင့်ဝါရင့်တဲ့ အနုပညာရှင် မင်းသမီးတစ်လက်ဖြစ်ပေမယ့် ရုပ်ရည်မှာတော့ နုပျိုခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုထာဝရရရှိထားသူလို့ ဆိုရမှာပါနော်.။

အကယ်ဒမီ ထူးချွန်ဆုကို ပိုင်ဆိုင်ထားသူ အကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်ပေမယ့် မာနမထားဘဲ အမြဲ ပြုံးပျော်ကာ နေတတ်သူပါ.။ ဆယ်ကျော်သက်အရွယ် သမီးချောလေး စံထိပ်ထားဦးနဲ့အတူ အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်နေရသူ ခိုင်သင်းကြည်ကတော့ သမီးနဲ့အပြိုင် လှပနေဆဲလို့ ဆိုရင်မှားမယ် မထင်ပါဘူး.။

မခိုင်က ငယ်စဉ်အရွယ်မှာ သမီးလေးရဲ့ ပုံရိပ်လေးတွေကို ချမပြခဲ့ပေမယ့် လက်ရှိမှာတော့ သမီးလေး စံထိပ်ထားဦးနဲ့အတူ အနုပညာအလုပ်တွေကို တွဲလုပ်ရင်း သမီးလေးကိုပါ ပရိသတ်တွေက ချစ်ခင်အားပေးကြတာကြောင့် ပျော်ရွှင်နေသူပါ.။

ဒီဇင်ဘာလ (၁၀)ရက်နေ့မှာတော့ မခိုင်က ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သမီးလေး စံထိပ်ထားဦးရဲ့ငယ်စဉ် ပုံရိပ်လေးကို သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

ငယ်ရုပ်မပျောက်သူ စံထိပ်ထားဦးလေးကတော့ မေမေခိုင်သင်းကြည်ရဲ့ ချီထားတဲ့ လက်ပေါ်မှာ ချစ်စရာကောင်းနေတာပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Khine Thin Kyi’s Facebook
(Cele Active World)