မင်းဘုန်းမြတ်နဲ့အတူ တွဲရိုက်ထားတဲ့ ဗီဒီယိုလေးက တစ်ရက်တောင်မပြည့်ပဲ ကြည့်ရှုသူသန်းချီသွားလို့ အံသြမဆုံးဖြစ်မိတယ်ဆိုတဲ့ပိုးကြာဖြူခင်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Angella(CeleChitThu)
Unicode ဖြင့်ဖတ်ပါ
★★★★★
မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် ဖော်ရွေစွာ ဆက်ဆံတတ်တဲ့အမူအကျင့်တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ကြော်ငြာလေးတွေနဲ့ ဇာတ်လမ်းတွဲအသစ်တွေ ရိုက်ကူးနေတာကိုလည်း တွေ့ရမှာပါပဲနော်။ သူမရဲ့ အားလပ်ချိန်တိုင်းမှာလည်း အမှတ်တရပုံရိပ်လေးတွေနဲ့ဗီဒီယိုဖိုင်လေးတွေကိုလူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီဇင်ဘာ(၁၁)ရက်နေ့မှာတော့ ပိုးကြာဖြူခင်က”တစ်ရက်တောင်မပြည့်သေးဘူး ကြော်ငြာလေးကို ကြည့်ရှု့သူ တစ်သန်းကျော်သွားပါပြီ ကျမတို့တစ်မိသားစုလုံးရဲ့ ကြိုးစားအားထုတ်မှုလေးပေါ့”လို့ဆိုပြီး မာယာလှည့်ကွက်ထဲက မင်းသားမင်းဘုန်းမြတ်နဲ့အတူ ကြော်ငြာဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူသန်းချီသွားလို့ ပျော်ရွှင်မဆုံးဖြစ်မိတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
ပိုးကြာဖြူခင်နဲ့ မင်းဘုန်းမြတ်တို့ရဲ့ ကြော်ငြာလေးကို တစ်ရက်တောင်မပြည့်ပဲ ကြည့်ရှုသူသန်းချီသွားတဲ့အတွက်ကြောင့် ပျော်ရွှင်နေတာလေးကို ပရိသတ်တွေအတွက်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Poe Kyar Phyu Khin’s Myday
Angella(CeleChitThu)
ယူနီကုဒ်ဖြင့်ဖတ်ရန်