အကြွေးကင်းအောင် “အမြန်ဆုံး အကြွေးကြေယတြာ” စီရင်နည်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အျမန္ဆုံး အေႂကြးေၾကယၾတာ

ေပးရန္ရွိတဲ့ အေႂကြးေတြ အျမန္ဆုံး ဆပ္ခ်င္ပါတယ္၊အျမန္ဆုံးအေႂကြးေၾကေအာင္ ဘာယၾတာေျခရမလည္း? လို႔ ေမးတဲ့သူေတြ အမ်ားႀကီး ေတြ႕လာရပါတယ္။
သူတို႔ကို ကြၽန္ေတာ္ အၿမဲတမ္း ေပးေနက် ယၾတာေလး တစ္ခုရွိပါတယ္။
အရမ္းလည္း အက်ိဳးရွိတာကို ေတြ႕ရပါတယ္။ဘာေန႔သားသမီးမဆို ျပဳလုပ္လို႔ရပါတယ္။

တနလၤာေန႔တြင္ နီးစပ္ရာ ေဆး႐ုံသို႔ သြား၍ ႏြမ္းပါးေသာ လူနာမ်ားကို (သို႔မဟုတ္)လူနာေစာင့္မ်ားကို ၾကက္ဥျပဳတ္ ၁၅ လုံး ျပဳတ္၍ (သို႔မဟုတ္)ဝယ္၍ တစ္ဦးလွ်င္ ၂လုံး ၃လုံးခန႔္စီ လႉ ေပးရမည္။
၂ပါတ္တစ္ခါ ျပဳလုပ္ေပးရပါတယ္။

အိမ္တြင္ မိမိ ပိုက္ဆံထည့္ေသာ ေသတၱာ(သို႔မဟုတ္)အံဆြဲ၏ အေပၚ(သို႔မဟုတ္)အထဲတြင္ ေညာင္႐ြက္တစ္႐ြက္ေပၚမွာ (အေခ်ာဘက္အျခမ္းတြင္) ‘ ဥဳံ ‘ ဟု ေဆာ့ပင္အနီေရာင္ျဖင့္ေရးၿပီး ပလပ္စတစ္ကတ္ေလာင္း၍ တိတ္ႏွင့္ ကပ္ထားေပးပါ။ေသတၱာအတြင္းမွာျဖစ္ျဖစ္ ေသတၱာအေပၚမွာျဖစ္ျဖစ္ ကပ္ထားပါ။ကြၽန္ေတာ္ကေတာ့ ေသတၱာအတြင္းဘက္ အဖုံးေအာက္မွာ ကပ္ခဲ့ပါတယ္။

ေသတၱာမွာ စၿပီးကပ္ရမယ့္ရက္က ဗုဒၶဟူးေန႔ မနက္ ၈ နာရီတိတိျဖစ္ပါတယ္။အေတာ္ကေလးၾကာမွ ေညာင္႐ြက္ကေလးက ပုပ္လာၿပီး စုတ္ျပတ္လာမွ အသစ္ထပ္လဲေပး႐ုံပါဘဲ။အပါတ္တိုင္းလဲေပးေနစရာမလိုပါဘူး။
ယခုလို ျပဳလုပ္ေပးျခင္းအားျဖင့္ တျဖည္းျဖည္းနဲ႔ ေသတၱာထဲ ထည့္ရတဲ့ေငြေတြ မ်ားလာမွာျဖစ္ၿပီး အေႂကြးေတြ အျမန္ဆုံးဆပ္ႏိုင္လာမွာ ျဖစ္ပါတယ္။
ေသတၱာ မသုံးသူေတြအေနနဲ႔ ေသတၱာဝယ္ၿပီး ျပဳလုပ္ပါ။ေသတၱာက ဘာအသားနဲ႔ျဖစ္ျဖစ္ရပါတယ္။ဘီ႐ိုအံဆြဲမွာလည္း ျပဳလုပ္လို႔ရပါတယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း လုပ္ခဲ့ဖူးပါတယ္။
အေႂကြးရစရာရွိၿပီး မရေသးသူေတြ လုပ္လို႔မရပါဘူး။ဒါက သီးသန႔္အေႂကြးေၾကယၾတာပါ။
အေႂကြးမဆပ္ႏိုင္ျဖစ္ေနသူေတြသာ ျပဳလုပ္ရပါတယ္။

ပိုက္ဆံမရွာဘဲ ဒီယၾတာေလးေျခ႐ုံနဲ႔ အေႂကြးေၾကမလား?ဆိုတဲ့ ေမးခြန္းမ်ိဳးေတြ မေမးေစခ်င္ပါဘူး။
ယုံယုံၾကည္ၾကည္လုပ္ေလ ယၾတာက စြမ္းေလျဖစ္ပါတယ္။

———————————————-
လစဥ္ အဂၤလိပ္လ ၁ ရက္ေန႔မွ ၅ ရက္ေန႔ထိ ရန္ကုန္ၿမိဳ႕! သကၤန္းကြၽန္းၿမိဳ႕နယ္! က်ိဳ ကၠစံဘုရား! ေျမာက္ဖက္မုခ္! ဆိုင္နံပါတ္( A-11 )တြင္ ေဆြးေႏြး ေဟာေျပာေပးပါသည္။

က်န္ရက္ေတြမွာေတာ့ မႏၲေလးၿမိဳ႕ 35လမ္း-36လမ္းၾကား/ 72လမ္း-73လမ္းၾကားရွိ ေနအိမ္တြင္ ေဆြးေႏြးေဟာေျပာေပးပါသည္။
ဖုန္းႀကိဳတင္ဆက္ၿပီးမွသာ လာၾကပါခင္ဗ်ာ။
———————————————

Ph-09792135272**09454611664**
——————————————–
ဖုန္းျဖင့္လည္း ေဆြးေႏြးႏိုင္ပါတယ္ခင္ဗ်ာ။
———————————————-

အားလံုးမဂလၤာပါ*******
ဆရာေအာင္မင္းဟိန္း (LL-B)

Unicode ဖြင့်ဖတ်ပါ
★★★★★

အမြန်ဆုံး အကြွေးကြေယတြာ

ပေးရန်ရှိတဲ့ အကြွေးတွေ အမြန်ဆုံး ဆပ်ချင်ပါတယ်၊အမြန်ဆုံးအကြွေးကြေအောင် ဘာယတြာခြေရမလည်း? လို့ မေးတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။
သူတို့ကို ကျွန်တော် အမြဲတမ်း ပေးနေကျ ယတြာလေး တစ်ခုရှိပါတယ်။
အရမ်းလည်း အကျိုးရှိတာကို တွေ့ရပါတယ်။ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ်။

တနင်္လာနေ့တွင် နီးစပ်ရာ ဆေးရုံသို့ သွား၍ နွမ်းပါးသော လူနာများကို (သို့မဟုတ်)လူနာစောင့်များကို ကြက်ဥပြုတ် ၁၅ လုံး ပြုတ်၍ (သို့မဟုတ်)ဝယ်၍ တစ်ဦးလျှင် ၂လုံး ၃လုံးခန့်စီ လှူ ပေးရမည်။
၂ပါတ်တစ်ခါ ပြုလုပ်ပေးရပါတယ်။

အိမ်တွင် မိမိ ပိုက်ဆံထည့်သော သေတ္တာ(သို့မဟုတ်)အံဆွဲ၏ အပေါ်(သို့မဟုတ်)အထဲတွင် ညောင်ရွက်တစ်ရွက်ပေါ်မှာ (အချောဘက်အခြမ်းတွင်) ‘ ဥုံ ‘ ဟု ဆော့ပင်အနီရောင်ဖြင့်ရေးပြီး ပလပ်စတစ်ကတ်လောင်း၍ တိတ်နှင့် ကပ်ထားပေးပါ။သေတ္တာအတွင်းမှာဖြစ်ဖြစ် သေတ္တာအပေါ်မှာဖြစ်ဖြစ် ကပ်ထားပါ။ကျွန်တော်ကတော့ သေတ္တာအတွင်းဘက် အဖုံးအောက်မှာ ကပ်ခဲ့ပါတယ်။

သေတ္တာမှာ စပြီးကပ်ရမယ့်ရက်က ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီတိတိဖြစ်ပါတယ်။အတော်ကလေးကြာမှ ညောင်ရွက်ကလေးက ပုပ်လာပြီး စုတ်ပြတ်လာမှ အသစ်ထပ်လဲပေးရုံပါဘဲ။အပါတ်တိုင်းလဲပေးနေစရာမလိုပါဘူး။
ယခုလို ပြုလုပ်ပေးခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ သေတ္တာထဲ ထည့်ရတဲ့ငွေတွေ များလာမှာဖြစ်ပြီး အကြွေးတွေ အမြန်ဆုံးဆပ်နိုင်လာမှာ ဖြစ်ပါတယ်။
သေတ္တာ မသုံးသူတွေအနေနဲ့ သေတ္တာဝယ်ပြီး ပြုလုပ်ပါ။သေတ္တာက ဘာအသားနဲ့ဖြစ်ဖြစ်ရပါတယ်။ဘီရိုအံဆွဲမှာလည်း ပြုလုပ်လို့ရပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါတယ်။
အကြွေးရစရာရှိပြီး မရသေးသူတွေ လုပ်လို့မရပါဘူး။ဒါက သီးသန့်အကြွေးကြေယတြာပါ။
အကြွေးမဆပ်နိုင်ဖြစ်နေသူတွေသာ ပြုလုပ်ရပါတယ်။

ပိုက်ဆံမရှာဘဲ ဒီယတြာလေးခြေရုံနဲ့ အကြွေးကြေမလား?ဆိုတဲ့ မေးခွန်းမျိုးတွေ မမေးစေချင်ပါဘူး။
ယုံယုံကြည်ကြည်လုပ်လေ ယတြာက စွမ်းလေဖြစ်ပါတယ်။

———————————————-
လစဉ် အင်္ဂလိပ်လ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ရန်ကုန်မြို့! သင်္ကန်းကျွန်းမြို့နယ်! ကျို က္ကစံဘုရား! မြောက်ဖက်မုခ်! ဆိုင်နံပါတ်( A-11 )တွင် ဆွေးနွေး ဟောပြောပေးပါသည်။

ကျန်ရက်တွေမှာတော့ မန္တလေးမြို့ 35လမ်း-36လမ်းကြား/ 72လမ်း-73လမ်းကြားရှိ နေအိမ်တွင် ဆွေးနွေးဟောပြောပေးပါသည်။
ဖုန်းကြိုတင်ဆက်ပြီးမှသာ လာကြပါခင်ဗျာ။
———————————————

Ph-09792135272**09454611664**
——————————————–
ဖုန်းဖြင့်လည်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
———————————————-

အားလုံးမဂင်္လာပါ*******
ဆရာအောင်မင်းဟိန်း (LL-B)