ဇာတ်ပွဲအတွက် အကြိုအကတိုက်နေတဲ့ ချစ်ရသူဇာတ်မင်းသမီးလေးကို တစိမ့်စိမ့်ကြည့်ရင်း ချစ်နေတဲ့ စွမ်းဇာနည်ရဲ့ ဗီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Video ကြည့်ရန်

Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇာတ်ပွဲအတွက် အကြိုအကတိုက်နေတဲ့ ချစ်ရသူဇာတ်မင်းသမီးလေးကို တစိမ့်စိမ့်ကြည့်ရင်း ချစ်နေတဲ့ စွမ်းဇာနည်ရဲ့ ဗီဒီယိုဖိုင်..

မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုမဒီလေးတွေရဲ့သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ရရှိထားတဲ့ ကိုလူချောလေးတစ်ယောက်လို့တောင် ဆိုနိုင်ပါတယ်နော်။ ဇာတ်မင်းသားအဖြစ် ဇာတ်ပွဲပေါင်းများစွာမှာ ကပြဖျော်ဖြေခဲ့တဲ့ စွမ်းဇာနည်က အဆိုရော အကရောကောင်းသူဖြစ်လို့ သူ့ရဲ့ပွဲတွေတိုင်းမှာ ကြည့်ရှုအားပေးသူတွေက အမြဲတမ်းပြည့်လျှံနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါတာကြောင့် ဇာတ်ကားတွေရိုက်ကူးခဲ့ရသေးတာ ဖြစ်ပါတယ် ။

စွမ်းဇာနည်က ချောမောခန့်ညားတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဖက်ရှင်ကျကျဝတ်ဆင်တတ်ပြီး အမြဲတမ်းအထာကျနေတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ စွမ်းဇာနည်က အလုပ်တွေပြန်လည်လုပ်ကိုင်တော့မှာဖြစ်လို့ ကြိုပြီးလေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ် ။ မနေ့ကလည်း စွမ်းဇာနည်က သူ့ရဲ့ချစ်သူဇာတ်မင်းသမီးချောလေး နှင်းဝတ်ရည်အောင် အကတိုက်နေတာလေးကို Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။

အဖွဲ့သားတွေနဲ့အတူ ညီညီညာညာလေး အကတိုက်နေတဲ့ ချစ်သူဇာတ်မင်းသမီးလေးကို စွမ်းဇာနည်ကတော့ တစိမ့်စိမ့်ထိုင်ကြည့်ရင်း အားပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် စွမ်းဇာနည်က မကြာခင်မှာပြုလုပ်တော့မယ့် သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေအကြောင်းကိုလည်း ပရိသတ်တွေသိအောင် ပြောပြခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး စွမ်းဇာနည်နဲ့ ချစ်သူဇာတ်မင်းသမီးလေးတို့ရဲ့Live ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Swelsone News