လှေကားကနေ ချော်ကျပြီး ခါးရိုးကျိုးပဲ့သွားခဲ့တာကြောင့် ဆေးရုံပေါ်မှာတင် မျက်ရည်အကြိမ်ကြိမ်ကျခဲ့ကြောင်း ဖွင့်ဟပြောပြလာတဲ့ ချစ်သုဝေ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Chit Thu Wai’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အနုပညာ၊ မိသားစု၊ ပရဟိတအလုပ်တွေကို သင့်တင့်မျှတစွာလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလုပ်တွေကို နေ့ရောညပါလုပ်ကိုင်နေတဲ့ ချစ်သုဝေကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ခါးရိုးကျိုးအက်သွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်သုဝေက သူမရဲ့ လှေကားကနေ ချော်ကျပြီး ခါးရိုးကျိုးပဲ့သွားခဲ့တဲ့ ဖြစ်ကြောင်းကုန်စဉ်အကြောင်းကို ပြောပြလာခဲ့ပါတယ်။
“ထိုင်နိုင်ထနိုင် သက်သာလာပါပြီ။ သမီးလေးတွေနဲ့မို့ထင်ပါရဲ့ ရွှင်ရွှင်လန်းလန်းအားတွေရှိနေရော 1st decemberမှာ လှေကား၂ဆင့်ချော်ကျတော့ pain shockရသည်အထိ ထိမရအောင်နာကျင်တာ။ ဆရာ ဇော်ဝေစိုးဆီ အားကိုးတကြီးဆက်မိ ငိုလိုက်မိတာတအား။ Ambulance နဲ့ဆေးရုံရောက် ဆရာရော မမငြိမ်းရော ရောက်လာကြည့်ပေး။ အားကိုးပြီးမျက်ရည်ကကျ။ သိနေတာကိုး တခုခုတော့ ကျိုးပြီဆိုတာ။ CTရိုက်တော့ transverse process L2&3 fracture
Bed rest… pain killerထိုး..support ဝတ်နေ..ဒါပဲ။ ၃ရက်လောက်နေထတော့လို့ ပြောပေမယ့် ကိုယ့်မှာတော့ 9ရက်မြောက်မှထနိုင်တယ်။ ထနိုင်တဲ့အချိန်တုန်းကဟာ မျက်ရည်ကျပြီးပျော်လို့ရယ်။ ထပြီးသိပ်မကြာ fainting attack ရတော့ အတော်လန့်သွားတာ။”
“တစ်ရက်နား ပြီး ဒီနေ့day 11မှာတော့ အတော် ထူထူထောင်ထောင်ပါပဲ သတိကြီးကြီးနဲ့ ဖြည်းဖြည်းချင်း လည်းသွားနိုင်ထိုင်နိုင်လာတယ်။ ပိုပိုသက်သာအဆင်ပြေလာဖို့ပဲရှိပါတယ်လို့ ဆုတောင်းစိတ်ပူဂရုစိုက်ပေးကြတဲ့ မိတ်ဆွေ အားလုံးကျေးဇူးပါေ မကြီး,ဒေ,..ဒီအရွယ်ကြီးထိ ကိုယ့်ကို လုပ်ကိုင်ပေးနေရတော့ စိတ်အတော်မကောင်းဘူး ဖေပူး…မိန်းမအပေါ် အဲ့လောက် အပင်ပမ်းခံ ကိုယ်တိုင် ပြုစု ပေးနိုင်မယ်မထင်မိခဲ့ဘူး။
showရိုက်ကူးရေးလည်းရွှေ့ပစ်တယ်(စိတ်မကောင်းပေမယ့် သူအဲ့လိုရွှေ့တာကိုတအားကြည်နူးကျေနပ်ခဲ့တာ..ဟယ် ငါက ပိုအရေးကြီးသားပဲ ဆိုပြီး) R mo တကယ့်ကို ညီမအရင်းလေးပါပဲကွာ မင်းက.. သူငယ်ချင်းတွေ..စားစရာတွေပို့ ကျမ်းချက်တွေဖို့ စိတ်ခွန်အားစာတွေပို့နဲ့။ ကိုယ်လိုစိတ်မြန်စိတ်များသူကိုသူငယ်ချင်းတော်မိတော့ သူတို့ကချည်း ဂရုစိုက်နေရတော့တာ။ သြော် ကိုယ့်ဘဝရဲ့ blessingတွေ ကျေးဇူးပါ။ မကြာခဏ ကိုယ့်ကိုချစ်သူတွေကိုစိတ်ပူစေလို့လည်း တောင်းပန်ပါတယ်လို့” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
ချစ်သုဝေကတော့ ခါးဒဏ်ရာကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရပေမယ့် ချစ်ရသူတွေကြောင့် နေကောင်းသက်သာလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေတစ်ယောက် ဒီထက်မက နေကောင်းသက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wai’s fb
Bilie – Cele Connections