ကိုဗစ်လူနာတွေကို အိမ်မှာပဲ ထားတော့မယ့် အစီအစဉ် နှင့် ပြုပြင်ပြောင်းလဲခြင်း ခေါင်းလောင်းသံ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Policy Change ေခါင္းေလာင္းသံ ။

ကိုဗစ္ positive ျဖစ္ရင္ ကိုယ့္အိမ္မွာ ကိုယ္ ၁၀ ရက္ေနရမယ္ အတူေန တစ္မိသားစုလုံးလည္း အိမ္ထဲမွာဘဲေန ၊ ဘာျဖစ္လို႔လည္းဆိုေတာ့ positive လူနာတိုင္းရဲ႕ အတူေနသူေတြကို Test စစ္‌မေပးႏိုင္လို႔ပါ ။

အိမ္ေရွ႕မွာ Isolation အိမ္ျဖစ္ေၾကာင္း စာလာကပ္မယ္ ။ Quarantine မဟုတ္ဘူးေနာ္ ၊ Home Isolation, Home lockdown ဆိုပါေတာ့ ။ ရပ္ကြက္တာဝန္ရွိသူေတြက အစားေသာက္နဲ႔ လိုအပ္တာေတြ ဝယ္လို႔ရေအာင္စီစဥ္ေပးမယ္ ။ ကိုဗစ္ positive care ကိုအဖြဲ႕အစည္းေတြ၊ ျပည္သူေတြေတြအားလုံးက တာဝန္ျပန္မွ်ယူတဲ့သေဘာလို႔ ယူဆမယ္ဆိုရင္လည္း မွန္ပါတယ္ ။

က်န္းမာေရးဝန္ထမ္းေတြက ေရာဂါလကၡဏာေတြ ရွိ/မရွိ ဖုန္းနဲ႔ စစ္ေဆးေပးမယ္ ။ လိုအပ္ရင္ ေသြးေပါင္ခ်ိန္စက္၊ ဆီးခ်ိဳတိုင္းစက္၊ သာမိုမီတာ၊ ေအာက္စီဂ်င္တိုင္းစက္ေတြ ဝယ္ရမယ္ ။ ေရာဂါလကၡဏာေပၚလာလို႔ ကုသမႈခံယူဖို႔လိုရင္ Ambulance နဲ႔လာေခၚၿပီး positive care center တစ္ခုခုကို ပို႔ေပးမွာျဖစ္ပါတယ္ ။ Quarantine center ‌ေတြမရွိေတာ့ဘူး ။

Test center ေတြေတာ့တိုးၿပီးထားေပးပါမယ္ ။ Positive ျဖစ္သူအားလုံးကို အိမ္ျပန္လႊတ္ဖို႔ေတာ့ မဟုတ္ပါဘူး ။ အသက္ႀကီးသူေတြ၊ ေရာဂါအခံျပင္းထန္သူေတြကို Hospital ျဖစ္ျဖစ္ ၊ Medical center ျဖစ္ျဖစ္ပို႔မွာပါ ။ Home Isolation လုပ္ဖို႔အဆင္မေျပတဲ့ လူေတြကို သီးျခားေနရာတစ္ခုစီစဥ္ေပးပါ လိမ့္မယ္ ။ ေထာက္ခံစာဆိုတာေတာ့လိုမလား ပါပဲ ။ Medical center တိုင္းမွာ အနည္းဆုံးအဆင့္ Oxygen ေပးႏိုင္တဲ့ HDU ရွိမွာဆိုေတာ့ အဆင္ေျပၾကမွာပါ ။

အဲဒီလိုအဆင့္ရေအာင္ ဘယ္လိုလုပ္မွာလည္းဆို ၊ positive လူနာေတြေလ်ာ့လက္ခံလို႔ ပိုလာတဲ့ေငြနဲ႔ upgrade လုပ္မွာပါ ။ ဒါေပမဲ့ ၊ ကိုဗစ္ႀကီး တကယ္ဆိုးရင္ ကယ္လို႔မရႏိုင္လို႔ေသဆုံးသူေတြကေတာ့ ရာႏႈန္းတစ္ခုနဲ႔ရွိေနမွာပါပဲ ။ တကယ္လား – ဒါေတြတကယ္လုပ္ေတာ့မွာလားဆိုေတာ့ မဟုတ္ေသးဘူးလို႔ ေျပာလို႔ရသလို ၊ ျဖစ္ခ်င္ျဖစ္လာမွာေပါ့ဆိုရင္လည္းမမွားပါဘူး ။ ကြၽန္ေတာ္ကေတာ့ ျဖစ္သင့္ၿပီလို႔ပဲ ဆိုပါမယ္ ။ အားလုံးအေနနဲ႔ကေတာ့ ဒီအစီအစဥ္ကိုသေဘာက်တဲ့လူေတြရွိသလို ၊ လက္မခံတဲ့လူေတြကေတာင္ပိုမ်ားမလားပါပဲ ။

ဒါ့အျပင္ လက္ရွိမွာ ကိုဗစ္ positive လူနာေတြကို လက္ခံဖို႔ေနရာေတြ အလုံအေလာက္ရွိေနတာပဲ ၊ ခုတင္ေတြေတာင္လြတ္ေနတာပဲ ၊ ဘာျဖစ္လို႔ positive ေတြ အိမ္ျပန္လႊတ္မွာလည္းေမးခ်င္သူေတြလည္း အေျမာက္အမ်ားရွိမွာပါ ။ အေျဖေတြ ရွိပါတယ္ ။

(၁) ရန္ကုန္မွာ Positive လူနာ ၆၀၀၀ ကေန ၁၀၀၀၀ အတြက္ care လုပ္ဖို႔ စုစည္းထားတဲ့အင္အားေတြဟာ တစ္ႏိုင္ငံလုံးက စုစည္းထားတာျဖစ္ၿပီး ၊ နယ္မွာမ်ားလာတဲ့ကူးစက္မႈေတြေၾကာင့္ အင္အားအေတာ္မ်ားမ်ားကို ထပ္ရဖို႔မရွိေတာ့ပါဘူး ။

(၂) ကူးစက္မႈေတြမ်ားလာခ်ိန္မွာ အလုံးစုံ containment လုပ္ျခင္းအားျဖင့္ မႏိုင္မနင္းျဖစ္ရၿပီး အမွန္ contain လုပ္သင့္တဲ့ သံသယေတြကို testing မလုပ္ႏိုင္တာ‌ေတြမ်ားမ်ားလာၿပီးကူးစက္မႈကိုျဖတ္ေတာက္ႏိုင္ရန္ လမ္းစေပ်ာက္ျခင္း ။

(၃) Active care မလိုအပ္ေသာ positive လူနာမ်ားကို care ေပးေနသည့္အတြက္ လုပ္အား၊ ေငြအားဆုံးရႈံးမွေၾကာင့္ အမွန္ တကယ္ Special care လိုသူမ်ားကို လိုအပ္ခ်က္အရ Oxygen Therapy, HDU, ICU care မ်ား၊ plasma therapy မ်ားလုံလုံေလာက္ေလာက္ေပးႏိုင္မႈ အလွမ္းကြာေနျခင္း ။

(၄) အေထြေထြလိုအပ္ခ်က္မ်ားေၾကာင့္ COVID19 Medical center မ်ားတြင္ special care ေပးႏိုင္မႈ အေရအတြက္လုံေလာက္မႈ မရွိသျဖင့္ ေဆး႐ုံမ်ားတြင္ positive လူနာမ်ား တျဖည္းျဖည္းမ်ားလာၿပီး Non- COVID19 လူနာမ်ားအတြက္ ေဆး႐ုံကုသမႈရရွိရန္ခက္ခဲလာျခင္း ။ ေဆး႐ုံမ်ားတြင္က်န္းမာေရးဝန္ထမ္းနည္းပါးမႈေၾကာင့္လည္း ပုံမွန္ခြဲစိတ္ကုလုပ္ငန္းမ်ားစြာရပ္ဆိုင္းထားရျခင္း ။

(၅) ကာလၾကာ Containment strategy ၏ေဘးထြက္ဆိုးက်ိဳးအျဖစ္ လုပ္ငန္းမ်ားစြာရပ္ဆိုင္းရသည့္အတြက္ျပည္သူအမ်ားစု၏ စားဝတ္ေနေရးမ်ားခက္ခဲလာျခင္း ။ တိုင္းျပည္ဖြံ႕တိုးတက္မႈ ထိခိုက္က်ဆင္းလာျခင္း ။

(၆) ကာလၾကာကူးစက္မႈေၾကာင့္ positive လူနာမ်ားအတြက္ ကုန္က်ေနေသာ ေဆးဖိုး၊ ထမင္းဖိုး၊ ေရသန႔္ဖိုး ၊အိပ္ရာခင္းစုံဖိုး ၊ တကိုယ္ေရသုံးပစၥည္းဖိုး အစရွိသည့္ စရိတ္မ်ိဳးစုံအတြက္အလႉေငြမ်ား ပါးရွားလာျခင္း ။ အလႉရွင္မ်ား ဆက္လက္လႉဒန္းရန္ ခက္ခဲလာသလို၊ အစိုးရရံပုံေငြမွ ေထာက္ပံ့ရန္လည္းအကန႔္ အသတ္ရွိလာျခင္း ။ ထပ္ၿပီး ေျဖေျပာေျပာလွ်င္ရႏိုင္သလို တင္ေျပာေျပာရျပန္လွ်င္လည္း ေျပာစရာေတြတစ္ပုံတစ္ပင္သာ။

ေရွ႕မွာ – လုပ္စရာေတြလည္းကလည္း မ်ားစြ၊ မ်ားလွစြာ – ခရီးသြားလာမႈေတြျပန္စရမည္ ။ အလုပ္႐ုံေတြ၊ စက္႐ုံေတြ ျပန္ဖြင့္ရမည္ ။ ကုမၸဏီေတြ၊ ေက်ာင္းေတြျပန္ဖြင့္ရမည္ ။ ကုန္စီးဆင္းမႈေတြ ျပန္ခြင့္ျပဳရမည္ ။ ခရီးသြားလုပ္ငန္းေတြ ပုံစံျပန္ခ်ရမည္ ။ ႏိုင္ငံတကာဆက္သြယ္ေရးေတြ ျပန္ဖြင့္ေပးရပါေတာ့မည္ ။

တဖက္ကလည္း – ကာကြယ္ေဆးေပၚလာလွ်င္ တစ္စု ၊ တစ္ဖြဲ႕ထိုးၾက႐ုံျဖင့္ အက်ိဳးမရွိ လူအမ်ားထိုးႏိုင္ၾကရမည္ ။ ရံပုံေငြက ဘယ္မွာနည္း ။ New normal အကာအကြယ္ေတြအတြက္ အသုံးစရိတ္ကိုလည္း မခ်န္ထားလို႔မရျပန္ ။ အသင့္ေတာ္ဆုံးေသာ ကိုဗစ္ မဟာဗ်ဴဟာႀကီးေပၚေပါက္လာပါေစ ၊ အားလုံး ဆုေတာင္းေနၾကမည္ထင္ပါသည္ ။ လက္ေတြ႕မွာေတာ့ ဆုေတာင္းေကာင္းၾကဖို႔ထက္ အားလုံးညီညာပူးေပါင္းကူညီၾကဖို႔က အေရးေပၚ လိုအပ္လို႔ ေနပါၿပီ ။ အရင္တုံးကေျပာခဲ့ဘူးၾကသည့္ ” မူက အေရးမႀကီးဘူး ၊ လူက အေရးႀကီးတာ ” ဆိုေသာ စကားရွိပါသည္ ။ အခုလည္း – မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာက အေရးမႀကီးဘူး ၊ စည္းကမ္းကသာ အေရးႀကီးတာဟု ဆိုရမေလာက္ပင္ ။

Dr. Aye Aung

Unicode ဖြင့်ဖတ်ပါ
★★★★★

Policy Change ခေါင်းလောင်းသံ ။

ကိုဗစ် positive ဖြစ်ရင် ကိုယ့်အိမ်မှာ ကိုယ် ၁၀ ရက်နေရမယ် အတူနေ တစ်မိသားစုလုံးလည်း အိမ်ထဲမှာဘဲနေ ၊ ဘာဖြစ်လို့လည်းဆိုတော့ positive လူနာတိုင်းရဲ့ အတူနေသူတွေကို Test စစ်‌မပေးနိုင်လို့ပါ ။

အိမ်ရှေ့မှာ Isolation အိမ်ဖြစ်ကြောင်း စာလာကပ်မယ် ။ Quarantine မဟုတ်ဘူးနော် ၊ Home Isolation, Home lockdown ဆိုပါတော့ ။ ရပ်ကွက်တာဝန်ရှိသူတွေက အစားသောက်နဲ့ လိုအပ်တာတွေ ဝယ်လို့ရအောင်စီစဉ်ပေးမယ် ။ ကိုဗစ် positive care ကိုအဖွဲ့အစည်းတွေ၊ ပြည်သူတွေတွေအားလုံးက တာဝန်ပြန်မျှယူတဲ့သဘောလို့ ယူဆမယ်ဆိုရင်လည်း မှန်ပါတယ် ။

ကျန်းမာရေးဝန်ထမ်းတွေက ရောဂါလက္ခဏာတွေ ရှိ/မရှိ ဖုန်းနဲ့ စစ်ဆေးပေးမယ် ။ လိုအပ်ရင် သွေးပေါင်ချိန်စက်၊ ဆီးချိုတိုင်းစက်၊ သာမိုမီတာ၊ အောက်စီဂျင်တိုင်းစက်တွေ ဝယ်ရမယ် ။ ရောဂါလက္ခဏာပေါ်လာလို့ ကုသမှုခံယူဖို့လိုရင် Ambulance နဲ့လာခေါ်ပြီး positive care center တစ်ခုခုကို ပို့ပေးမှာဖြစ်ပါတယ် ။ Quarantine center ‌တွေမရှိတော့ဘူး ။ Test center တွေတော့တိုးပြီးထားပေးပါမယ် ။ Positive ဖြစ်သူအားလုံးကို အိမ်ပြန်လွှတ်ဖို့တော့ မဟုတ်ပါဘူး ။ အသက်ကြီးသူတွေ၊ ရောဂါအခံပြင်းထန်သူတွေကို Hospital ဖြစ်ဖြစ် ၊ Medical center ဖြစ်ဖြစ်ပို့မှာပါ ။ Home Isolation လုပ်ဖို့အဆင်မပြေတဲ့ လူတွေကို သီးခြားနေရာတစ်ခုစီစဉ်ပေးပါ လိမ့်မယ် ။ ထောက်ခံစာဆိုတာတော့လိုမလား ပါပဲ ။ Medical center တိုင်းမှာ အနည်းဆုံးအဆင့် Oxygen ပေးနိုင်တဲ့ HDU ရှိမှာဆိုတော့ အဆင်ပြေကြမှာပါ ။

အဲဒီလိုအဆင့်ရအောင် ဘယ်လိုလုပ်မှာလည်းဆို ၊ positive လူနာတွေလျော့လက်ခံလို့ ပိုလာတဲ့ငွေနဲ့ upgrade လုပ်မှာပါ ။ ဒါပေမဲ့ ၊ ကိုဗစ်ကြီး တကယ်ဆိုးရင် ကယ်လို့မရနိုင်လို့သေဆုံးသူတွေကတော့ ရာနှုန်းတစ်ခုနဲ့ရှိနေမှာပါပဲ ။ တကယ်လား – ဒါတွေတကယ်လုပ်တော့မှာလားဆိုတော့ မဟုတ်သေးဘူးလို့ ပြောလို့ရသလို ၊ ဖြစ်ချင်ဖြစ်လာမှာပေါ့ဆိုရင်လည်းမမှားပါဘူး ။ ကျွန်တော်ကတော့ ဖြစ်သင့်ပြီလို့ပဲ ဆိုပါမယ် ။ အားလုံးအနေနဲ့ကတော့ ဒီအစီအစဉ်ကိုသဘောကျတဲ့လူတွေရှိသလို ၊ လက်မခံတဲ့လူတွေကတောင်ပိုများမလားပါပဲ ။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ် positive လူနာတွေကို လက်ခံဖို့နေရာတွေ အလုံအလောက်ရှိနေတာပဲ ၊ ခုတင်တွေတောင်လွတ်နေတာပဲ ၊ ဘာဖြစ်လို့ positive တွေ အိမ်ပြန်လွှတ်မှာလည်းမေးချင်သူတွေလည်း အမြောက်အများရှိမှာပါ ။ အဖြေတွေ ရှိပါတယ် ။

(၁) ရန်ကုန်မှာ Positive လူနာ ၆၀၀၀ ကနေ ၁၀၀၀၀ အတွက် care လုပ်ဖို့ စုစည်းထားတဲ့အင်အားတွေဟာ တစ်နိုင်ငံလုံးက စုစည်းထားတာဖြစ်ပြီး ၊ နယ်မှာများလာတဲ့ကူးစက်မှုတွေကြောင့် အင်အားအတော်များများကို ထပ်ရဖို့မရှိတော့ပါဘူး ။

(၂) ကူးစက်မှုတွေများလာချိန်မှာ အလုံးစုံ containment လုပ်ခြင်းအားဖြင့် မနိုင်မနင်းဖြစ်ရပြီး အမှန် contain လုပ်သင့်တဲ့ သံသယတွေကို testing မလုပ်နိုင်တာ‌တွေများများလာပြီးကူးစက်မှုကိုဖြတ်တောက်နိုင်ရန် လမ်းစပျောက်ခြင်း ။

(၃) Active care မလိုအပ်သော positive လူနာများကို care ပေးနေသည့်အတွက် လုပ်အား၊ ငွေအားဆုံးရှုံးမှကြောင့် အမှန် တကယ် Special care လိုသူများကို လိုအပ်ချက်အရ Oxygen Therapy, HDU, ICU care များ၊ plasma therapy များလုံလုံလောက်လောက်ပေးနိုင်မှု အလှမ်းကွာနေခြင်း ။

(၄) အထွေထွေလိုအပ်ချက်များကြောင့် COVID19 Medical center များတွင် special care ပေးနိုင်မှု အရေအတွက်လုံလောက်မှု မရှိသဖြင့် ဆေးရုံများတွင် positive လူနာများ တဖြည်းဖြည်းများလာပြီး Non- COVID19 လူနာများအတွက် ဆေးရုံကုသမှုရရှိရန်ခက်ခဲလာခြင်း ။ ဆေးရုံများတွင်ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့်လည်း ပုံမှန်ခွဲစိတ်ကုလုပ်ငန်းများစွာရပ်ဆိုင်းထားရခြင်း ။

(၅) ကာလကြာ Containment strategy ၏ဘေးထွက်ဆိုးကျိုးအဖြစ် လုပ်ငန်းများစွာရပ်ဆိုင်းရသည့်အတွက်ပြည်သူအများစု၏ စားဝတ်နေရေးများခက်ခဲလာခြင်း ။ တိုင်းပြည်ဖွံ့တိုးတက်မှု ထိခိုက်ကျဆင်းလာခြင်း ။

(၆) ကာလကြာကူးစက်မှုကြောင့် positive လူနာများအတွက် ကုန်ကျနေသော ဆေးဖိုး၊ ထမင်းဖိုး၊ ရေသန့်ဖိုး ၊အိပ်ရာခင်းစုံဖိုး ၊ တကိုယ်ရေသုံးပစ္စည်းဖိုး အစရှိသည့် စရိတ်မျိုးစုံအတွက်အလှူငွေများ ပါးရှားလာခြင်း ။ အလှူရှင်များ ဆက်လက်လှူဒန်းရန် ခက်ခဲလာသလို၊ အစိုးရရံပုံငွေမှ ထောက်ပံ့ရန်လည်းအကန့် အသတ်ရှိလာခြင်း ။ ထပ်ပြီး ဖြေပြောပြောလျှင်ရနိုင်သလို တင်ပြောပြောရပြန်လျှင်လည်း ပြောစရာတွေတစ်ပုံတစ်ပင်သာ။

ရှေ့မှာ – လုပ်စရာတွေလည်းကလည်း များစွ၊ များလှစွာ – ခရီးသွားလာမှုတွေပြန်စရမည် ။ အလုပ်ရုံတွေ၊ စက်ရုံတွေ ပြန်ဖွင့်ရမည် ။ ကုမ္ပဏီတွေ၊ ကျောင်းတွေပြန်ဖွင့်ရမည် ။ ကုန်စီးဆင်းမှုတွေ ပြန်ခွင့်ပြုရမည် ။ ခရီးသွားလုပ်ငန်းတွေ ပုံစံပြန်ချရမည် ။ နိုင်ငံတကာဆက်သွယ်ရေးတွေ ပြန်ဖွင့်ပေးရပါတော့မည် ။

တဖက်ကလည်း – ကာကွယ်ဆေးပေါ်လာလျှင် တစ်စု ၊ တစ်ဖွဲ့ထိုးကြရုံဖြင့် အကျိုးမရှိ လူအများထိုးနိုင်ကြရမည် ။ ရံပုံငွေက ဘယ်မှာနည်း ။ New normal အကာအကွယ်တွေအတွက် အသုံးစရိတ်ကိုလည်း မချန်ထားလို့မရပြန် ။ အသင့်တော်ဆုံးသော ကိုဗစ် မဟာဗျူဟာကြီးပေါ်ပေါက်လာပါစေ ၊ အားလုံး ဆုတောင်းနေကြမည်ထင်ပါသည် ။ လက်တွေ့မှာတော့ ဆုတောင်းကောင်းကြဖို့ထက် အားလုံးညီညာပူးပေါင်းကူညီကြဖို့က အရေးပေါ် လိုအပ်လို့ နေပါပြီ ။ အရင်တုံးကပြောခဲ့ဘူးကြသည့် ” မူက အရေးမကြီးဘူး ၊ လူက အရေးကြီးတာ ” ဆိုသော စကားရှိပါသည် ။ အခုလည်း – မဟာဗျူဟာ၊ နည်းဗျူဟာက အရေးမကြီးဘူး ၊ စည်းကမ်းကသာ အရေးကြီးတာဟု ဆိုရမလောက်ပင် ။

Dr. Aye Aung