ဆေးရုံကဂျူတီတွေ အားလပ်တုန်းခဏလေးမှာတောင် ပုရိသ ကိုကိုမောင်မောင်တွေကို ရင်ခုန်သံမြန်စေခဲ့တဲ့ ပိုးမမှီသာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ဆေးရုံကဂျူတီတွေ အားလပ်တုန်းခဏလေးမှာတောင် ပုရိသ ကိုကိုမောင်မောင်တွေကို ရင်ခုန်သံမြန်စေခဲ့တဲ့ ပိုးမမှီသာ

ပရိသတ်တွေချစ်ရတဲ့ တက်သစ်စမင်းသမီးလေး ပိုးမမှီသာက ဆေးကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ကျောင်းစာတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရသူလေး ဖြစ်ပါတယ်။ ပိုးမမှီသာက သူမဝါသနာပါ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူမဘဝရဲ့ ပန်းတိုင်ဖြစ်တဲ့ သားဖွားမီးယပ်ဆရာဝန်မကြီးဖြစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လူတစ်ကိုယ် နှစ်ဘဝနဲ့ ရှင်သန်နေတဲ့ ပိုးမမှီသာက သူများတွေထက် ပိုပင်ပန်းပေမယ့် သူမရဲ့ဘဝလေးကို ကျေနပ်နေရှာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အလုပ်သင်ဆရာဝန်မလေးအဖြစ် တာဝန်တွေကို ထမ်းဆောင်နေတဲ့ ပိုးမမှီသာက သူမအနေနဲ့ ဆေးရုံက ဂျူတီတွေကြားမှာ နေ့ရောညပါ အလုပ်လုပ်နေပေမယ့် ပရိသတ်တွေကိုလည်း အချိန်လေးပေးဖို့ မမေ့လျော့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုးမမှီသာက “ဒီနေ့တော့ဂျူတီမှာ အလုပ်အားတဲ့ချိန်လေးကစားကြည့်တာပါ ” ဆိုပြီး ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

ပိုးမမှီသာကတော့ သူမရဲ့ လှုပ်ရှားမှုဗီဒီယိုအတိုလေးကို မျှဝေပေးခဲ့ပေမယ့် ပုရိသ ကိုကိုတွေ မောင်မောင်တွေကတော့ ရူးခါသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုးမမှီသာလေးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ခေတ္တခဏတော့ မှင်သက်ငေးမောသွားမိမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections