သူမရဲ့ (၄၁)နှစ်ပြည့်မွေးနေ့လေးမှာ မိသားစုဆွေမျိုးတွေနဲ့အတူ အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုး ကိုပါကျေးဇူးတင်ပါတယ်လို့ဆိုလိုက်တဲ့ ဒါဒါ…

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူမရဲ႔ (၄၁)ႏွစ္ျပည့္ေမြးေန႔ေလးမွာ မိသားစုေဆြမ်ိုးေတြနဲ႔အတူ အနားမွာ အျမဲရွိေနေပးတဲ့ ဘစုိး ကိုပါေက်းဇူးတင္ပါတယ္လုိ႔ဆုိလုိက္တဲ့ ဒါဒါ…ပရိသတ္ႀကီးေရ……ဒီေန႔ေလးကေတာ့ ျပည္သူခ်စ္ဝါရင့္သ႐ုပ္ေဆာင္မင္းသမီးႀကီးျဖစ္တဲ့ အကယ္ဒမီစိုးျမတ္နႏၵာရဲ႕ေမြးေန႔ျဖစ္ပါတယ္။ ေမြးေန႔အမွတ္တရအေနနဲ႔လည္း ဒါဒါဟာသူမရဲ႕ Facebookစာမ်က္ႏွာမွာ “လူ႔ေလာကမွာ ရွင္သန္ခြင့္ရေအာင္ ေမြးထုတ္ေပးခဲ့တဲ့ ေဖေဖ နဲ႔ ေမေမ ကို ကန္ေတာ့ ပါရေစ ..ေမာင္ႏွမ အရင္းအျဖစ္ ေရစက္ဆုံခြင့္ရၿပီး ဒီအခ်ိန္ထိ အရိပ္လိုမိုးေပးထားတဲ့

မႀကီး ၊ မေလး နဲ႔ ကိုႀကီး တို႔ ကိုလဲ သံသရာက်င္လည္ေနသေ႐ြ႕ အနီးဆုံးလူေတြအျဖစ္နဲ႔ပဲ ျပန္ဆုံေတြ႕ခြင့္ရပါရေစ.တစ္ဦးတည္းေသာ သားေလး နဲ႔ တစ္ဦးတည္းေသာ တူမေလး ကိုလဲ သူတို႔ေျခေထာက္ေပၚသူတို႔ရပ္တည္ႏိုင္တာေလးေတြ ေတြ႕ျမင္သြားပါရေစ … ဒီေန႔ေမြးေန႔မွာ ေနျပည္ေတာ္ မွာ ရွိေနပါတယ္ ..ဆုေတာင္းေပးၾကတဲ့ ခ်စ္သူခင္သူေတြကို တစ္ဦးတစ္ေယာက္ျခင္းစီကို လႈိက္လႈိက္လွဲလွဲတန္ဖိုး ထားရပါတယ္..။

အသက္ ၄၁ ႏွစ္ဆိုတာ ေသျခင္းတရားနဲ႔ နီးသထက္နီးလာေနပါၿပီ ..ေတြ႕ႀကဳံရတဲ့ ေလာကဓံေတြအရ လူေတြအားလုံးကို မွန္လို မဆက္ဆံပဲ .. သူေကာင္းလဲ ကိုယ္ေကာင္း / သူမေကာင္းလဲ ကိုယ္ေကာင္း ဆိုတဲ့ အေနထားနဲ႔ပဲ ေနသြားပါ့မယ္ ..ကိုယ့္မိသားစု ကိုယ့္ ရဲ႕ ခ်စ္ခင္ရတဲ့ မိတ္ေဆြေတြကိုယ့္ ကို ခ်စ္တဲ့ ပန္ကာ ေလးေတြ နဲ႔ပဲ ဘဝ ကို ေပ်ာ္႐ႊင္ျပည့္စုံစြာ ျဖတ္သန္း ဖို႔ ဦးတည္ထားပါတယ္

..ေမြးေန႔ မွာ ဒါန အလႉ အျဖစ္ ဆရာေတာ္ဘုရားႀကီး အရွင္ဇနကာဘိဝံသ အားၾကည္ညိဳ ဦးထိပ္ထားလွ်က္ မႏၲေလး မဟာဂႏၶာ႐ုံေက်ာင္းတိုက္ မွာ ရာသက္ပန္ ေမြးေန႔အလႉရွင္အျဖစ္သံဃာအပါး ၁၀၀၀ ေက်ာ္ ကို ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ပါတယ္ .. ( ကပ္ေရာဂါအေျခအေနမို႔ သြားလို႔မရခဲ့ပါဘူး )……။

ရွိေနတဲ့ ေနရာေလးမွာ ေခတၱ ဘုရားေက်ာင္းေဆာင္ေလး ရွိတာမို႔ ပရိတ္ ပဌာန္း ႐ြတ္ဖတ္ပူေဇာ္ျခင္း ၊ မဟာသမယေစတီတည္ျခင္း ၊ ပဉႇာဝါရ ႐ြတ္ဖတ္ပူေဇာ္ျခင္း ကုသိုလ္မ်ား ျပဳလုပ္ပါတယ္ ..ညေနပိုင္းေလးမွာေတာ့ ဒီမွာရွိတဲ့ ခ်စ္ခင္သူေတြနဲ႔ ညစာအတူစားပါမယ္ ..

အနားမွာ အၿမဲရွိေနေပးတဲ့ ဘစိုး ကိုလဲ ေက်းဇူးအထူးတင္ရပါတယ္…..ေမြးေန႔ကို ႐ိုးရွင္းစြာျဖတ္သန္းရင္း အသက္ ၄၀ ကို ထားခဲ့ၿပီး ၄၁ ႏွစ္မွာ ေကာင္းမႈကုသိုလ္ေတြနဲ႔ပို၍ၿငိမ္းခ်မ္းပါရေစရွင့္ ……” ဆိုၿပီးေရးသားထားပါတယ္။ ကဲ……ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမရဲ့ (၄၁)နှစ်ပြည့်မွေးနေ့လေးမှာ မိသားစုဆွေမျိုးတွေနဲ့အတူ အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုး ကိုပါကျေးဇူးတင်ပါတယ်လို့ဆိုလိုက်တဲ့ ဒါဒါ…ပရိသတ်ကြီးရေ……ဒီနေ့လေးကတော့ ပြည်သူချစ်ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီစိုးမြတ်နန္ဒာရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့လည်း ဒါဒါဟာသူမရဲ့ Facebookစာမျက်နှာမှာ “လူ့လောကမှာ ရှင်သန်ခွင့်ရအောင် မွေးထုတ်ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို ကန်တော့ ပါရစေ ..မောင်နှမ အရင်းအဖြစ် ရေစက်ဆုံခွင့်ရပြီး ဒီအချိန်ထိ အရိပ်လိုမိုးပေးထားတဲ့

မကြီး ၊ မလေး နဲ့ ကိုကြီး တို့ ကိုလဲ သံသရာကျင်လည်နေသရွေ့ အနီးဆုံးလူတွေအဖြစ်နဲ့ပဲ ပြန်ဆုံတွေ့ခွင့်ရပါရစေ.တစ်ဦးတည်းသော သားလေး နဲ့ တစ်ဦးတည်းသော တူမလေး ကိုလဲ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်တာလေးတွေ တွေ့မြင်သွားပါရစေ … ဒီနေ့မွေးနေ့မှာ နေပြည်တော် မှာ ရှိနေပါတယ် ..ဆုတောင်းပေးကြတဲ့ ချစ်သူခင်သူတွေကို တစ်ဦးတစ်ယောက်ခြင်းစီကို လှိုက်လှိုက်လှဲလှဲတန်ဖိုး ထားရပါတယ်..။

အသက် ၄၁ နှစ်ဆိုတာ သေခြင်းတရားနဲ့ နီးသထက်နီးလာနေပါပြီ ..တွေ့ကြုံရတဲ့ လောကဓံတွေအရ လူတွေအားလုံးကို မှန်လို မဆက်ဆံပဲ .. သူကောင်းလဲ ကိုယ်ကောင်း / သူမကောင်းလဲ ကိုယ်ကောင်း ဆိုတဲ့ အနေထားနဲ့ပဲ နေသွားပါ့မယ် ..ကိုယ့်မိသားစု ကိုယ့် ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကိုယ့် ကို ချစ်တဲ့ ပန်ကာ လေးတွေ နဲ့ပဲ ဘဝ ကို ပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်း ဖို့ ဦးတည်ထားပါတယ်

..မွေးနေ့ မှာ ဒါန အလှူ အဖြစ် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ အားကြည်ညို ဦးထိပ်ထားလျှက် မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက် မှာ ရာသက်ပန် မွေးနေ့အလှူရှင်အဖြစ်သံဃာအပါး ၁၀၀၀ ကျော် ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ် .. ( ကပ်ရောဂါအခြေအနေမို့ သွားလို့မရခဲ့ပါဘူး )……။

ရှိနေတဲ့ နေရာလေးမှာ ခေတ္တ ဘုရားကျောင်းဆောင်လေး ရှိတာမို့ ပရိတ် ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊ မဟာသမယစေတီတည်ခြင်း ၊ ပဉှာဝါရ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်များ ပြုလုပ်ပါတယ် ..ညနေပိုင်းလေးမှာတော့ ဒီမှာရှိတဲ့ ချစ်ခင်သူတွေနဲ့ ညစာအတူစားပါမယ် ..

အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုး ကိုလဲ ကျေးဇူးအထူးတင်ရပါတယ်…..မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းရင်း အသက် ၄၀ ကို ထားခဲ့ပြီး ၄၁ နှစ်မှာ ကောင်းမှုကုသိုလ်တွေနဲ့ပို၍ငြိမ်းချမ်းပါရစေရှင့် ……” ဆိုပြီးရေးသားထားပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

MM Load