အလုပ်တွေမအားလပ်တဲ့ကြားထဲကနေ ညီမလေးနဒီရွှေရည်ရဲ့ Live Sale အတွက် အချိန်ပေးပြီး ပါဝင်အားဖြည့်ကူညီပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Nadi Shwe Yi’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အလုပ်တွေမအားလပ်တဲ့ကြားထဲကနေ ညီမလေးနဒီရွှေရည်ရဲ့ Live Sale အတွက် အချိန်ပေးပြီး ပါဝင်အားဖြည့်ကူညီပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

အနုပညာလောကမှာ မချစ်တဲ့သူမရှိလောက်အောင်ကို လူကြိုက်များလွန်းတဲ့ မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ အနုပညာသက်တမ်း (၁၅) နှစ်ကျော်မှာ အောင်မြင်မှုတွေအများအပြားကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော် အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီဆိုပေမယ့် တစ်ကိုယ်တည်းအပျိုကြီးအဖြစ် မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ကို အိမ်ထောင်မပြုပဲ အပျိုကြီးအဖြစ်သာ အနုပညာအလုပ်တွေကို လုပ်ကိုင်စေလိုတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်မရှိသူတစ်ယောက်ပီပီ ရှိသမျှအချစ်တွေကို မိသားစုတွေအတွက်သာ ပုံအောပေးအပ်နေတဲ့ ဝတ်မှုံရွှေရည်က အထူးသဖြင့် တစ်ဦးတည်းသောညီမလေးကို အရမ်းချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၁၄) ရက်နေ့မှာလည်း ဝတ်မှုံရွှေရည်က အလုပ်တွေမအားလပ်တဲ့ကြားထဲကနေ ညီမလေးနဒီရွှေရည်ရဲ့ Live Sale အတွက် ပါဝင်အားဖြည့်ကူညီပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ ညီမလေး နဒီရွှေရည်ကတော့ အစ်မဖြစ်သူလို အနုပညာအလုပ်တွေကို ဝါသနာမပါပဲ အလှအပကိုသာ စိတ်ဝင်စားတဲ့ Beauty Blogger တစ်ယောက်အဖြစ်သာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဝတ်မှုံရွှေရည်ကိုချစ်သလို ဝတ်မှုံရွှေရည်ရဲ့ တစ်ဦးတည်းသောညီမလေး နဒီရွှေရည်ကိုချစ်ပြီး အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nadi Shwe Yi’s fb
Bilie – Cele Connections