အချစ်အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့ကြီးကြီးမားမားအရာတစ်ခုကို ဗီဒီယိုလေးနဲ့တကွ ပြသလာတဲ့ မောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: SEIN PHYO & YI’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အချစ်အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့ကြီးကြီးမားမားအရာတစ်ခုကို ဗီဒီယိုလေးနဲ့တကွ ပြသလာတဲ့ မောင်

သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို ဒီနေ့ဒီအချိန်ထိ မလျော့စတမ်းရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ လူသိရှင်ကြား လက်တွဲနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်တူကိုယ်တူရှိပြီး ဝါသနာချင်းထပ်တူကျတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်းတွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ခိုင်မြဲလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့က ပရိသတ်တွေအားကျစေတဲ့ ချစ်သူစုံတွဲလေးပါပဲ။ ဒီကနေ့မှာလည်း မောင်က ခံစားချက်အပြည့်နဲ့ သီချင်းသီဆိုနေတဲ့ ရီရီပွင့်ဖြူရဲ့ နံဘေးမှာထိုင်ပြီး “အချစ်အတွက်ပေးဆပ်လိုက်ရသောအရာများ ထဲက တစ်ခုက နားအေးပါးအေးနေရခြင်းပဲဖြစ်ပါတယ်” ဆိုပြီး စနောက်ကျီစယ်ခဲ့တာကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ တွေ့ရပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူကတော့ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးစနောက်ကျီစယ်ရင်း ခိုင်မြဲတဲ့ အချစ်တွေကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက် အခုလိုပဲ တစ်သက်လုံး ရာသက်ပန်ချစ်သွားနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections