ဦးခင်လှိုင်ရဲ့မိသားစုဝင်ဖြစ်ချင်တယ်ဆိုပြီး အချင်းချင်းအရွှန်းဖောက်ဆေးထိုးကြတဲ့ ပရိသတ်တွေကြောင့် သဘောကျမဆုံးဖြစ်နေရတဲ့ သဇင်ထူးမြင့်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဦးခင်လှိုင်ရဲ့မိသားစုဝင်ဖြစ်ချင်တယ်ဆိုပြီး အချင်းချင်းအရွှန်းဖောက်ဆေးထိုးကြတဲ့ ပရိသတ်တွေကြောင့် သဘောကျမဆုံးဖြစ်နေရတဲ့ သဇင်ထူးမြင့်
ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ ဆိုရင် အကယ်ဒမီ ရွှေကြိုမယ်အဖြစ် ပါဝင်လုပ်ဆောင်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က အခုဆိုရင် ကြော်ငြာတွေ၊ သီချင်း MV တွေအပြင် ဇာတ်လမ်းတွဲအချို့မှာပါ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့် တစ်နေ့တစ်ခြား အောင်မြင်လာပြီး အနုပညာလောကမှာ နေရာရစပြုနေတဲ့ တက်သစ်စသရုပ်ဆောင်လေး ဖြစ်လို့နေပြီ ဖြစ်ပါတယ်။
တစ်နေ့တစ်ခြား အောင်မြင်လာတာနဲ့အမျှ ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ရရှိနေတဲ့ သဇင်ထူးမြင့်က ဒီကနေမှာလည်း သူမရဲ့ ပရိသတ်အချင်းချင်း ဆေးထိုးစနောက်မှုတွေကြောင့် သဘောကျနေရကြောင်း မျှဝေလာပါတယ်။ သဇင်ထူးမြင့်က သူမရဲ့ ပို့အောက်မှာ သူမကို ချိတ်တိတ်တိတ်လုပ်ပြီး မိသားစုဝင်ဖြစ်ချင်တယ်လို့ဆိုတဲ့ပရိသတ်ကို အခြားသူတစ်ယောက်က “ဦးခင်လှိုင်ရဲ့ မယားငယ်လုပ်လိုက်” ဆိုပြီး ဆေးထိုးဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
သဇင်ထူးမြင့်ကတော့ သူမကို ချိတ်တိတ်တိတ်လုပ်ပေမယ့် အရွှန်းဖောက်ခံလိုက်ရတဲ့ ပရိသတ်တွေကိုကြည့်ပြီး သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Thazin Htoo Myint’s fb
Bilie – Cele Connections