ပရိသတ်တွေအားပေးကြမ်းခဲ့တာကြောင့် ဆန်လုပ်ငန်းမှာအောင်မြင်ခဲ့သလို နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း မကြာခင်မိတ်ဆက်ပေးတော့မယ်ဆိုတဲ့ နေဒွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Nay Dway’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေအားပေးကြမ်းခဲ့တာကြောင့် ဆန်လုပ်ငန်းမှာအောင်မြင်ခဲ့သလို နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း မကြာခင်မိတ်ဆက်ပေးတော့မယ်ဆိုတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး မြို့ပရိသတ်တွေရော နယ်ပရိသတ်တွေပါ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ဆန်စက်စီးပွားရေးကိုပါ ပိုင်ဆိုင်ထားတဲ့ နေဒွေးက မကြာသေးခင်လပိုင်းက သူကိုယ်တိုင်စမ်းသပ်ထားတဲ့ အော်ဂဲနစ်ဆန်အမျိုးအစားကို စားသုံးသူတွေကြား ရောင်းချခဲ့ရာ ထင်မထားလောက်အောင် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေဒွေးက သူ့ရဲ့ ဒုတိယမြောက် စီးပွားရေးအလုပ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးတော့မယ့်အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော် JITTOO နံမည်နဲ့ဒုတိယမြောက်စီးပွါးရေးအလုပ်တခုကိုစပြီးမိတ်ဆက်ပေးပါ့မယ်ခင်ဗျ အားလုံးထပ်ပြီးအားပေးကြဖို့မျှော်လင့်ပါတယ်ဗျ ချစ်ပရိသတ်တွေအားပေးကြမ်းခဲ့လို့ JITTOO အော်ဂန်းနစ်စူပါဆန် အောင်မြင်ရောင်းကောင်းခဲ့သလို ခုတခါလဲ ထပ်ပြီးအားပေးကြမ်းကြဖို့မျှော်လင့်မိပါတယ်ဗျ ပရိသတ်တွေရဲ့အသံနဲ့ အားပေးသူလူကြီးမင်းများရဲ့ အသံကိုနားထောင်ပြီးပြုပြင်စရာရှိတဲ့ဟာများကို ကျွန်တော်တို့ JITTOO Family Group မှ ထာဝရလေးစားစွာလိုက်နာနားထောင်ပေးပါ့မယ်ဗျ” ဆိုပြီး သတင်းကောင်းပါးလာပါတယ်။

နေဒွေးကတော့ အသက်ငယ်ရွယ်သေးတဲ့အချိန်မှာတောင် အောင်မြင်တဲ့ စီးပွားရေးအလုပ်တွေကို ဦးစီးနိုင်ခဲ့တာ လေးစားစရာပါပဲ။ စိတ်ထားကောင်းတဲ့ နေဒွေးတစ်ယောက် နောက်ထပ် ဒုတိယမြောက်စီးပွားရေးအလုပ်မှာလည်း အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Dway’s fb
Bilie – Cele Connections