လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လြဲလို႔ေကာင္းေနဆဲ ျမန္မာျပည္က ဉာဏ္ႀကီးရွင္ ေဆာက္လုပ္ေရးသမားမ်ား..

ကိုခင္ေမာင္လြင္က ဓါတ္ပုံနစ္ပုံတင္ၿပီး.. ဒီလိုေလးေရးထားတယ္..”Aircon Outdoor Unit ေတြ ဒီလိုတပ္ထားေတာ့ ဘယ္လိုျမန္း service လုပ္ၾကမလဲ စိတ္ဝင္စားမိတယ္”။

ကြၽန္ေတာ္ ၂၀၁၉ ခုႏွစ္ ဧၿပီလထဲမွာ စကၤာပူ ခဏသြားတယ္ Air Con Outdoor Unit ထားပုံကိုစိတ္ဝင္စားလို႔ ေလ့လာခဲ့ေတာ့ စနစ္အေဟာင္း နဲ႔စနစ္အသစ္ဆိုၿပီး အၾကမ္းႏွစ္မ်ိဳးေတြ႕တယ္။

အေဟာင္း/အသစ္ဆိုတာ ကြၽန္ေတာ္အမည္ေပးတာပါ။ အေဟာင္းက ႏွစ္ၾကာၿပီးသားတိုက္ခန္းေတြမွာ တတ္တာပါ ။အခု ပုံမွာျမင္ရတဲ့အတိုင္းတတ္ထားတာပါ။ ဒီလိုတတ္တယ္ဆိုလို႔ျမန္မာျပည္လို နံရံက အပိတ္မဟုတ္ပါဘူး။ Air con Outdoor Unit တတ္ထားတဲ့ေနရာက အုတ္နံရံက အေပါက္ေဖါက္ထားပါတယ္ ၿပီးမွ အထပ္သားလိုအကာနဲ႔အိမ္အတြင္းက ပိတ္ထားပါတယ္။

ျပဳျပင္ထိန္းသိမ္းမႈလုပ္ခ်င္ရင္ အဲဒီအကာကိုခြာ ၿပီး Aircon Outdoor Unit ကိုအိမ္အတြင္းထဲ ဆြဲယူၿပီးျပင္ရပါတယ္။ အသစ္မွာက်ေတာ့ Outdoor Unit ေတြထားဖို႔ ျပင္တဲ့လူအလုပ္လုပ္ဖို႔ ေနရာပါပါတယ္။ အခုေနာက္ဆုံးေဆာက္တဲ့ တိုက္ေတြမွာ ဝရံတာလို အကာအရံနဲ႔ Outdoor Unit ထားဖို႔ေနရာသီးသန႔္ထားရပါတယ္။ မပါရင္အဲဒီတိုက္ခန္းေဆာက္တာခြင္မျပဳပါ။

ျမန္မာျပည္မွာ ဒါမ်ိဳးထိန္းရေကာင္းမွန္းမသိေသးပါ။ ျမန္မာျပည္က Air Con Outdoor Unit ထားပုံနဲ႔ စကၤာပူက Air Con Outdoor Unit ထားပုံ ႏႈိင္းယွဥ္ ၾကည့္ႏႈိင္ေအာင္တင္ေပးလိုက္ပါတယ္။ အေဆာက္အဦ ေဆာက္ဖို႔ ဒီဇိုင္းဆြဲကတဲက Air Con Outdoor Unit ထားဖို႔ တပါတည္းထည့္ ဆြဲရပါတယ္ မပါရင္ခြင့္မျပဳပါ။

စကၤပူက Air Con Outdoor Unit တတ္ထားပုံပါ။ Sir Con Outdoor Unit မ်ားအတြက္ ဝရံတာလို လုပ္ၿပီးသီးသန႔္ ထားရပါတယ္။ ျပင္ဆင္သူေတြ အတြက္ ေဘးအႏၲရာယ္ကင္းရွင္းေစဖို႔တင္မကပဲ ပတ္ဝန္က်င္အကို Air Con မွပစၥည္းျပဳတ္က်တာက အစ ကာကြယ္ဖို႔ျဖစ္ပါတယ္။

Safety First ပါ။ အထူးသျဖင့္ Public Safety ကိုအထူးဂ႐ုစိုက္ၾကရပါတယ္။ ျမန္မာျပည္မွာ Public Safety အေၾကာင္းေျပာရင္ ဒီလူဘာေၾကာင္သလဲ လို႔ျမင္တဲ့လူေတြ ၉၉% ေလာက္ျဖစ္ေနပါတယ္။ ေက်းဇူးပါ ကိုခင္ေမာင္လြင္ေရ ကြၽန္ေတာ့ ဓာတ္ပုံေလးေတြနဲ႔တြဲၾကည့္လို႔ ရေအာင္ ခင္ဗ်ားပုံေလးႏွစ္ပုံယူသုံးလိုက္ၿပီဗ်ာ။

ထြန္းထြန္း(သတၱဳတြင္း)

Unicode ဖြင့်ဖတ်ပါ
★★★★★

လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ..

ကိုခင်မောင်လွင်က ဓါတ်ပုံနစ်ပုံတင်ပြီး.. ဒီလိုလေးရေးထားတယ်..”Aircon Outdoor Unit တွေ ဒီလိုတပ်ထားတော့ ဘယ်လိုမြန်း service လုပ်ကြမလဲ စိတ်ဝင်စားမိတယ်”။

ကျွန်တော် ၂၀၁၉ ခုနှစ် ဧပြီလထဲမှာ စင်္ကာပူ ခဏသွားတယ် Air Con Outdoor Unit ထားပုံကိုစိတ်ဝင်စားလို့ လေ့လာခဲ့တော့ စနစ်အဟောင်း နဲ့စနစ်အသစ်ဆိုပြီး အကြမ်းနှစ်မျိုးတွေ့တယ်။

အဟောင်း/အသစ်ဆိုတာ ကျွန်တော်အမည်ပေးတာပါ။ အဟောင်းက နှစ်ကြာပြီးသားတိုက်ခန်းတွေမှာ တတ်တာပါ ။အခု ပုံမှာမြင်ရတဲ့အတိုင်းတတ်ထားတာပါ။ ဒီလိုတတ်တယ်ဆိုလို့မြန်မာပြည်လို နံရံက အပိတ်မဟုတ်ပါဘူး။ Air con Outdoor Unit တတ်ထားတဲ့နေရာက အုတ်နံရံက အပေါက်ဖေါက်ထားပါတယ် ပြီးမှ အထပ်သားလိုအကာနဲ့အိမ်အတွင်းက ပိတ်ထားပါတယ်။

ပြုပြင်ထိန်းသိမ်းမှုလုပ်ချင်ရင် အဲဒီအကာကိုခွာ ပြီး Aircon Outdoor Unit ကိုအိမ်အတွင်းထဲ ဆွဲယူပြီးပြင်ရပါတယ်။ အသစ်မှာကျတော့ Outdoor Unit တွေထားဖို့ ပြင်တဲ့လူအလုပ်လုပ်ဖို့ နေရာပါပါတယ်။ အခုနောက်ဆုံးဆောက်တဲ့ တိုက်တွေမှာ ဝရံတာလို အကာအရံနဲ့ Outdoor Unit ထားဖို့နေရာသီးသန့်ထားရပါတယ်။ မပါရင်အဲဒီတိုက်ခန်းဆောက်တာခွင်မပြုပါ။

မြန်မာပြည်မှာ ဒါမျိုးထိန်းရကောင်းမှန်းမသိသေးပါ။ မြန်မာပြည်က Air Con Outdoor Unit ထားပုံနဲ့ စင်္ကာပူက Air Con Outdoor Unit ထားပုံ နှိုင်းယှဉ် ကြည့်နှိုင်အောင်တင်ပေးလိုက်ပါတယ်။ အဆောက်အဦ ဆောက်ဖို့ ဒီဇိုင်းဆွဲကတဲက Air Con Outdoor Unit ထားဖို့ တပါတည်းထည့် ဆွဲရပါတယ် မပါရင်ခွင့်မပြုပါ။

စင်္ကပူက Air Con Outdoor Unit တတ်ထားပုံပါ။ Sir Con Outdoor Unit များအတွက် ဝရံတာလို လုပ်ပြီးသီးသန့် ထားရပါတယ်။ ပြင်ဆင်သူတွေ အတွက် ဘေးအန္တရာယ်ကင်းရှင်းစေဖို့တင်မကပဲ ပတ်ဝန်ကျင်အကို Air Con မှပစ္စည်းပြုတ်ကျတာက အစ ကာကွယ်ဖို့ဖြစ်ပါတယ်။

Safety First ပါ။ အထူးသဖြင့် Public Safety ကိုအထူးဂရုစိုက်ကြရပါတယ်။ မြန်မာပြည်မှာ Public Safety အကြောင်းပြောရင် ဒီလူဘာကြောင်သလဲ လို့မြင်တဲ့လူတွေ ၉၉% လောက်ဖြစ်နေပါတယ်။ ကျေးဇူးပါ ကိုခင်မောင်လွင်ရေ ကျွန်တော့ ဓာတ်ပုံလေးတွေနဲ့တွဲကြည့်လို့ ရအောင် ခင်ဗျားပုံလေးနှစ်ပုံယူသုံးလိုက်ပြီဗျာ။

ထွန်းထွန်း(သတ္တုတွင်း)