ရှုတင်ပေါ်မှာ ခဏနားနေချိန်လေးတောင် တာလီလေးစိပ်ပြီး ဘုရားရှိခိုးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ လေးစားဖွယ်ရာအပြုအမူလေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ရှုတင်ပေါ်မှာ ခဏနားနေချိန်လေးတောင် တာလီလေးစိပ်ပြီး ဘုရားရှိခိုးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ လေးစားဖွယ်ရာအပြုအမူလေး

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ လွတ်လွတ်လပ်လပ်နေရတာကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ဘဝကို ချုပ်နှောင်ထားခြင်းမရှိပဲ သူမစိတ်ကြိုက် ပေါ့ပေါ့ပါးပါးသာ နေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

စတိုင်လ်အမိုက်စားတွေ ဝတ်ဆင်တတ်တယ်ဆိုပေမယ့် အချိန်နဲ့နေရာကိုလိုက်ပြီး သင့်လျော်စွာနေထိုင်တတ်တဲ့ သင်ဇာဝင့်ကျော်က ဒီကနေ့မှာတော့ သူမရဲ့ ရှုတင်ပေါ်မှာ မြန်မာဝတ်စုံလေးဝတ်ပြီး သိမ်သိမ်မွေ့မွေ့လေးရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်က ရှုတင်ပေါ်မှာ ခဏနားနေချိန်လေးတောင် တာလီလေးစိပ်ပြီး ဘုရားရှိခိုးနေတဲ့မြင်ကွင်းလေးကြောင့် ပရိသတ်တွေခမျာ ပိုလို့တောင် လေးစားခဲ့ရတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အရင်ကတည်းက ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ဆောင်တတ်သူဖြစ်ပြီး သူမလုပ်သမျှကို လူမှုကွန်ယက်စာမျက်နှာမှာသာ ဖော်ပြပေးလေ့မရှိတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သင်ဇာတစ်ယောက် ဒီထက်မက အောင်မြင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint Kyaw ‘s fb
Bilie – Cele Connections