ရှုတင်မှာ အလုပ်တွေလုပ်နေရင်းနဲ့တောင် အစားနဲ့ ပါးစပ်မပျက်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ချစ်စဖွယ်ဗီဒီယိုလေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ရှုတင်မှာ အလုပ်တွေလုပ်နေရင်းနဲ့တောင် အစားနဲ့ ပါးစပ်မပျက်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ချစ်စဖွယ်ဗီဒီယိုလေး

ဝတ်မှုံရွှေရည်ကတော့ မင်းသားကြီး နေအောင်နဲ့ အတူတူရိုက်ကူးတဲ့ တီဗီကြော်ငြာကနေ လူသိများကျော်ကြားလာခဲ့ပြီး ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် တက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က “နင်စေရင်”၊ “နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီ ထူးချွန်ဆုကြီး နှစ်ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ကလည်း တောင်ကိုရီးယားနိုင်ငံ Asia Model Festival က ချီးမြှင့်တဲ့ Asia Special Award ဆုကြီးကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားတဲ့ ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေနဲ့ အရင်ကထက် ပိုပြီး ရင်းနှီးစေဖို့ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေနဲ့ ရှုတင်ပေါ်က အမှတ်တရတွေကို မျှဝေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရဗီဒီယိုလေးကို မျှဝေရင်း သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို ပြသလာပါတယ်။ ထိုဗီဒီယိုလေးမှာ ဝတ်မှုံရွှေရည်က ရှုတင်မှာ မိတ်ကပ်လိမ်းရင်တောင် အစားနဲ့ ပါးစပ်မပျက်တဲ့ ချစ်စရာအမူအယာလေးတွေကိုလည်း တွေ့ရတာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်ကတော့ ဝါရင့်အနုပညာရှင်တစ်ယောက်ပီပီ တစ်နေကုန်အလုပ်တွေလုပ်နေရတာတောင် မျက်နှာလေးက လန်းလန်းဆန်းဆန်းရှိနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ရိုက်ကွင်းဗီဒီယိုလေးကိုကြည့်ပြီး အနီးကပ်မြင်တွေ့ရသလို ခံစားနေရမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections