ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်လာတဲ့လူတွေကို LIVE လွှင့်ကာ သူမအလှအပတွေကို စျေးဝယ်ရင်းလာကြည့်နိုင်ကြောင်းပြောချလိုက်တဲ့ ဘေဘီမောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝနေတယ်၊ ပုံပျက်ပန်းပျက်ဖြစ်နေတယ်လို့ အကောင့်တုနဲ့တိုက်ခိုက်လာသူတွေကို သူမအလှအပတွေကို အိမ်အထိ ဈေးဝယ်ရင်းလာကြည့်ဖို့ Live လွင့်ပြီးဖိတ်ခေါ်လိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ အလုပ်ကိစ္စနဲ့ပတ်သတ်ရင် အထိမခံနိုင်လောက်အောင် ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်လေ့ရှိသူပါ။ မိသားစုအပေါ်မှာလည်း သမီးကြီးတစ်ယောက်ပီသစွာ တာဝန်ကျေပွန်ပြီး လုပ်ကျွေးပြုစုလေ့ရှိသူဖြစ်လို့ ပရိသတ်တွေကလည်း အချစ်ပိုကြတာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း ဘေဘီက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတာဖြစ်ပြီး အောင်မြင်မှုလည်း အတော်လေးရရှိနေတာပါ။

သူမရဲ့ pageလေးကနေ Liveလွှင့်ကာ ဈေးရောင်းချလေ့ရှိတဲ့ ဘေဘီက စကားပြောဆိုသွက်လပ်ပြီး ဈေးရောင်းတော်တာလည်း ဖြစ်ပါတယ်။ သူမကို တိုက်ခိုက်ကြတဲ့ သူတွေကိုလည်း စကားလုံးအဆန်းတွေနဲ့ ပြန်လည်ချေပလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ဗီဒီယိုလေးတင်ကာ ပြောဆိုလာခဲ့ပါတယ်။

ဒါကတော့ အဆီချဆေးသောက်ပြီး ပုံပျက်ပန်းပျက်ဖြစ်နေတယ်လို့ သူမကို Fake account နဲ့ တိုက်ခိုက်လာလို့ပဲ ဖြစ်ပါတယ်။

ဘေဘီက စကားပြောနေရင်း မတ်တပ်ထရပ်ကာ အပြစ်ပြောစရာမရှိပဲ သွယ်လျလှပတဲ့ ကိုယ်လုံးလေးကို ပြရင်း ဝေဖန်လာသူတွေကို ပြန်လည်ပြောဆိုလာတာပါ။ ကြည့်မိသူတွေ သရုပ်ဆောင် ဘေဘီမောင်ကို အချစ်ပိုမိစေမှာ အသေအချာပဲ ဖြစ်လို့ အဆိုပါ ဗီဒီယိုလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။

ကဲ….ပရိသတ်တွေကလည်း ကြည့်ပြီး ဘေဘီကို ဆက်လက်အားပေးလိုက်ဖို့ တောင်းဆိုလိုက်ပါတယ်နော်……။

MM Load