ကိုဗစ်ရောဂါကြီးကို တွန်းလှန်နိုင်ခြင်းမရှိတော့ပဲ လူ့လောကကြီးထဲကနေ အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ လူရွှင်တော်ဧရာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Aung Thaw’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ်ရောဂါကြီးကို တွန်းလှန်နိုင်ခြင်းမရှိတော့ပဲ လူ့လောကကြီးထဲကနေ အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ လူရွှင်တော်ဧရာ

ပြည်သူချစ်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စေတဲ့ လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ လူရွှင်တော်ကြီးဧရာကတော့ သူ့ဘဝသက်တမ်းတစ်လျှောက် အနုပညာအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကစပြီး ကျန်းမာရေးချူချာလာခဲ့တဲ့ ဦးဧရာက အနုပညာအလုပ်တွေကို အရင်လောက်မလုပ်ကိုင်တော့ပဲ ကျန်းမာရေးအရ ဆေးကုသမှုတွေများစွာ ခံယူနေရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ဆေးကုသမှုခံယူနေရတဲ့ ဦးဧရာက ဒီကနေ့မှာတော့ သူချစ်တဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဦးဧရာက ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက် (၃) နာရီ (၃၉) မိနစ်မှာ ရန်ကုန်ဆေးရုံကြီး ICU မှာ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဦးဧရာက ကွယ်လွန်သွားချိန်မှာ အသက် (၆၁) နှစ်ရှိခဲ့ပြီဖြစ်ပြီး သားသမီးနဲ့ မြေးတွေလည်း ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ ဦးဧရာတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Thaw’s fb
Bilie – Cele Connections