အသက်အရွယ်အရမ်း ကွာပေမယ့် ညီအစ်ကို အရင်းလို (၁၅)နှစ်တာ ခင်မင်ခဲ့ တဲ့ လူရွှင်တော်ဧရာအတွက် ပြောမပြတတ်အောင်ခံစားနေရတဲ့ ယုန်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source: Yone Lay’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အသက်အရွယ်အရမ်းကွာပေမယ့် ညီအစ်ကိုအရင်းလို (၁၅)နှစ်တာ ခင်မင်ခဲ့တဲ့ လူရွှင်တော်ဧရာအတွက် ပြောမပြတတ်အောင်ခံစားနေရတဲ့ ယုန်လေး

သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ အနုပညာကို စွဲစွဲလန်းလန်းဝါသနာပါသူဖြစ်ပြီး မိသားစုမရှိတဲ့ တစ်ယောက်တည်းသမားပီပီ အနုပညာညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း သံယောဇဉ်ကြီးရှာသူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးကတော့ အနုပညာကသားတွေအပေါ်မှာလည်း မိသားစုသဖွယ် သဘောထားသလို သူ့ရဲ့ သွေးသားရင်းလိုလည်း ဆက်ဆံသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေးက သူနဲ့အရမ်းကိုခင်မင်ခဲ့ရပြီး ကြော်ငြာတွေကိုလည်း အတူတူရိုက်ကူးခဲ့တဲ့ လူရွှင်တော်ဧရာကွယ်လွန်ခြင်းသတင်းအတွက် စိတ်မကောင်းစကားဆိုထားတာကို တွေ့ရပါတယ်။

“တကယ်ကို ပြောမပြနိုင်အောင် ခံစားရပါတယ် အသက်ရွယ်အရမ်း ကွာပေမယ့် ညီအစ်ကို အရင်းလို ပြောမနာ ဆိုမနာပေါင်းသင်းလာကြတာ (၁၅) နှစ်ကျော်ပြီ ကောင်းကင်မှာ ပြက်လုံးတွေ နဲ့ ထာဝရ ပျော်ရွှင်နေမယ် ဆိုတာ ယုံကြည်ပါတယ် အစ်ကို ” ဆိုပြီး ညီအစ်ကိုလို ခင်မင်ရတဲ့ လူရွှင်တော်ကြီး ဧရာအတွက် နောက်ဆုံးအမှတ်တရစကားကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ယုန်လေးနဲ့ ဧရာကတော့ အသက် (၂၅) နှစ်လောက်ကွာတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို ပြောမနာဆိုမနာ ပေါင်းသင်းလာခဲ့ကြပြီး တစ်ယောက်လိုအပ်တိုင်း တစ်ယောက်အဆင်သင့်ရှိနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections