“မိခင်ခင်ဇာခြည်ကျော်ဆီကနေ ခရစ်စမတ်လက်ဆောင်အဖြစ် တန်ဖိုးကြီး ပစ္စည်းလေးကို ရရှိလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ထင်သစ္စာ”

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

“မိခင်ခင်ဇာခြည်ကျော်ဆီကနေ ခရစ်စမတ်လက်ဆောင်အဖြစ် တန်ဖိုးကြီး ပစ္စည်းလေးကို ရရှိလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ထင်သစ္စာ”

Cele Active World ပရိသတ်ကြီးရေ အကယ်ဒမီ ခင်ဇာခြည်ကျော်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ခင်ဇာခြည်ကျော်ကတော့ ကိုယ်တိုင်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားသူ အနုပညာရှင်တစ်ယောက်ဖြစ်သလိုပဲ ချစ်စရာကောင်းပြီး ချောမောသူ အနုပညာအလုပ်လုပ်ကိုင်နေကြတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားသူပါ.။

သားကြီး ဘုန်းမင်းနေလက နှုတ်ခမ်းနီမလေးတွေကြားမှာ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို ရွှေကြိုမှာ ပါဝင်ပြီးနောက်မှာ ပိုရရှိလာခဲ့သူပဲဖြစ်ပါတယ်.။ သမီးငယ် ထင်သစ္စာလေးကလည်း မိခင်ဖြစ်သူရဲ့ အလှတွေကို ဆက်ခံထားသလို ချစ်စရာကောင်းစွာ လှပသူလေးဖြစ်ပြီး မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ.။

ဒီဇင်ဘာလ (၁၈)ရက်နေ့မှာတော့ ထင်သစ္စာက လာမယ့် ခရစ်စမတ် မတိုင်ခင် ခရစ်စမတ်လက်ဆောင်အဖြစ် မိခင်ဖြစ်သူဆီက ရရှိတဲ့ လက်ဆောင်လေးကို “thank u for the christmas present mommy” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။

လူငယ်တိုင်းလိုချင်တဲ့ တန်ဖိုးကြီး Iphone ကို မိခင် ခင်ဇာခြည်ကျော်ဆီက လက်ဆောင်ရလို့ ထင်သစ္စာလေးတစ်ယောက် ပျော်ရွှင်မဆုံးဖြစ်နေပုံပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Htin Thitsar’s Facebook

Violet(Cele Active World)