မိခင်မှ မွေးပြီးပစ်ထားခဲ့တဲ့ အောက်မေးရိုးမပါလာတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို သရုပ်ဆောင်​ခိုင်နှင်းဝေမှ သွားရောက်ကယ်ဆယ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ခိုင်နှင်းဝေ အခုတခေါက်မွေးစားဖြစ်ခဲ့တဲ့ ကလေးလေးကတော့ ၁၃ ရက်သားသာ ရှိသေးတဲ့ သားယောကျာ်းလေးပါ။
ကလေးလေးရဲ့မိဘတွေက ၁၉ နှစ်အရွယ်ဖြစ်ကြတယ်လို့သိရကာ/ သမီးရည်းစားခြင်း လွန်ကြူးမိရာကနေ ကိုယ်ဝန်ရခဲ့ပြီး ဖျက်ချဖို့လုပ်ခဲ့ကြပေမယ့် သူတို့ဖျက်ချတာ အထမမြောက်ခဲ့ဘဲ ကလေးလေးမွေးလာခဲ့ချိန်မှာတော့ ကလေးကအောက်မေးရိုးမပါခဲ့သလို မွေးပြီးပြီးချင်းမှာပဲ ကလေးကိုထား ထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့ကြောင့် ခိုကိုးရာမဲ့နေတဲ့ ကလေးလေးကို ခေါ်ယူမွေးစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သားလေး သက်တမ်းစေ့ နေနိုင်ဖို့နဲ့ ဆေးကုသမှု/ခွဲစိတ်မှုတွေအတွက်ကိုတော့ ခိုင်နှင်းဝေက ဆက်လက် ရုန်းကန်ကြိုးစားပေးသွားမှာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကလေးအပါအဝင် “ခိုင်”မိသားစုဂေဟာမှာ မင်းသမီး ခိုင်နှင်းဝေ တာဝန်ယူစောင့်ရှောက်ထားတဲ့ ကလေး အယောက် ၄၀ ရှိသွားပြီလည်းဖြစ်ပါတယ်။မိန်းကလေးတွေအားလုံး ဆင်ခြင်နိုင်ကြပါစေတာဝန်ယူသော ယောကျာ်းကောင်းများ ဖြစ်ကြပါစေ

Swelsone News