အမြွှာတွေလို့ထင်ရလောက်အောင် သူမနဲ့ တစ်ထေရာတည်းတူတဲ့ ဗီယက်နမ်သူလေးရဲ့ ဗီဒီယိုကို ချပြလာတဲ့ သံစဉ်မောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ယူနီကုဒ္ျဖင့္ဖတ္ရန္အမြွှာတွေလို့ထင်ရလောက်အောင် သူမနဲ့ တစ်ထေရာတည်းတူတဲ့ ဗီယက်နမ်သူလေးရဲ့ ဗီဒီယိုကို ချပြလာတဲ့ သံစဉ်မောင်

သွားတက်လေးတွေနဲ့ ပြုံးလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သံစဉ်မောင်ကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေဝတ်ပြီး မြင်သူရင်ကို အေးမြစေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိလည်း အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပရိသတ်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သံစဉ်မောင်က လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပရိသတ်အတွက် မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သံစဉ်မောင်က ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခုကို ချပြခဲ့ပြန်တာကို တွေ့ရပါတယ်။ သံစဉ်မောင်က အမြွှာတွေလို့ထင်ရလောက်အောင် သူမနဲ့ တစ်ထေရာတည်းတူတဲ့ ဗီယက်နမ်သူလေးရဲ့ Tik Tok ကိုချပြပြီး “She’s is more beautiful So sweet ” ဆိုပြီး ဗီယက်နမ်သူလေးကတောင် သူမထက် ပိုပြီးလှတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဗီယက်နမ်သူလေးနဲ့ သံစဉ်မောင်တို့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

သံစဉ်မောင်နဲ့ ဗီယက်နမ်သူလေးကတော့ အမြွှာညီအစ်မတွေလို့ထင်ရလောက်အောင် ရုပ်ချင်းဆင်တဲ့အပြင် ပါးချိုင့်ပါတာကအစ တစ်ပုံစံတည်းတူတာပဲနော်။ ပရိသတ်ကြီးလည်း သံစဉ်မောင်နဲ့ ဗီယက်နမ်သူလေး တကယ်ပဲ တူရဲ့လားပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Than Sin Maung’s fb
Bilie – Cele Connections