ရွာမှာကျန်ခဲ့တဲ့ အဖေစိတ်ဆိုးရစေလောက်တဲ့အထိ အမေ့ကို Tik Tok သီချင်းတွေဖွင့်ပြီး ကပြစေခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ရွာမှာကျန်ခဲ့တဲ့ အဖေစိတ်ဆိုးရစေလောက်တဲ့အထိ အမေ့ကို Tik Tok သီချင်းတွေဖွင့်ပြီး ကပြစေခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို

ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးကတော့ ကျေးတောသူလေးတစ်ယောက်ပီပီ ဟန်ဆောင်မှုမရှိပဲ ပွင့်ပွင့်လင်းလင်းနေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ ကံအကျိုးပေးတစ်ခုကြောင့် သာမာန်ကျောင်းသူဘဝကနေ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့ ဆယ်လီဘရစ်တီတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ နေ့ချင်းညချင်းဆိုသလို အောင်မြင်ကျော်ကြားသွားခဲ့တဲ့ ဖြူဖြူထွေးက သူမရဲ့ မိသားစုအတွက် ဖြည့်စည်းစရာရှိတာတွေ ဖြည့်စည်းပေးရင်း ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းနေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ ဖြူဖြူထွေးက ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စေဖို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Live လွှင့်ပေးလာခဲ့ပါတယ်။ ဖြူဖြူထွေးက Live လွှင့်နေတုန်း သူမရဲ့ မေမေကိုပါခေါ်ပြီး Tik Tok က သီချင်းတွေနဲ့ ကပြစေခဲ့တာကို ချစ်စရာကောင်းစွာ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းလွန်းတဲ့ ဖြူဖြူထွေးတို့ သားအမိနှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ ဗီဒီယိုလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ ရွာမှကျန်ခဲ့တဲ့ အဖေစိတ်ဆိုးရလောက်အောင် အမေ့ကို Tik Tok သီချင်းတွေဖွင့်ပြီး ကပြစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခတ္တခဏတော့ ဘဝအမောပြေပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe ‘s fb
Bilie – Cele Connections