တော်ရုံလူအိပ်မက်မက်ဖို့တောင်မလွယ်ကူတဲ့ သူမရဲ့ သေသပ်လှပတဲ့ နှစ်ထပ်တိုက်အိမ်ကြီးကို ပြသလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

တော်ရုံလူအိပ်မက်မက်ဖို့တောင်မလွယ်ကူတဲ့ သူမရဲ့ သေသပ်လှပတဲ့ နှစ်ထပ်တိုက်အိမ်ကြီးကို ပြသလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်လမ်းဇာတ်ရှိန်မြင့်မားစေအောင် အဓိက ကူညီပံ့ပိုးပေးရသူတစ်ယောက် ဖြစ်ပါတယ်။ အပြောအဆို ပွင့်လင်းပြီး ဟန်ဆောင်မှုမရှိတဲ့ နှိုင်းယှဉ်မြင့်မိုရ်က ပြီးခဲ့တဲ့နှစ်တွေမှာ သူမရဲ့ စကားပြောမှားမှုကြောင့် ဝေဖန်မှုကို ခံခဲ့ရပေမယ့် သူမရဲ့အမှားကို ပြန်လည်တောင်းပန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ ကြိုးစားမှုအသီးအပွင့်တွေကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကိုယ်တိုင်တိုက်အိမ်ကြီးတစ်လုံးကိုလည်း ဝယ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဒီကနေ့မှာ သူမရဲ့ အိမ်လှလှကြီးကို ပြသလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ အိမ်ကြီးကတော့ နှစ်ထပ်တိုက်အိမ်လှလှကြီးဖြစ်ပြီး အတွင်းခံတွေလည်း သေသပ်လှပကာ တော်ရုံတန်ရုံလူအဖို့ အိပ်မက်မက်ဖို့တောင် မလွယ်ကူတာ ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှိုင်းယှဉ်မြင့်မိုရ်ရဲ့ အိမ်ကြီးကိုကြည့်ပြီး အရမ်းသဘောကျနေမှာ သေချာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမရဲ့အိပ်မက်တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့တာ တကယ့်ကို အားကျစရာပါပဲ။ နှိုင်းယှဉ်မြင့်မိုရ်တို့ မိသားစုလေး ဒီထက်မက အောင်မြင်ကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: နှိုင်းရှင်မြင့်မိုရ် Nhying Shin Mynint Moh’s fb
Bilie – Cele Connections