လူတွေသိပ်မသိသေးတဲ့ ကန်စွန်းဥဖြင့်ဝိတ်ချနည်းအကြောင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★













ဖော်ပြပါထားပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Unicode ဖြင့်ဖတ်ပါ
★★★★★

ကန်စွန်းဥ ဖြင့် ဝိတ်ချနည်း နှင့်အခြားကောင်းကျိုးများကျွန်တော် အရင်က ကန်စွန်းဥစားရင်ဝတယ် လို့ပဲ ထင်ထားတာပါ။

တကယ်တမ်း အာပာာရဆိုင်ရာ ကျန်မားရေး ပညာရပ်လေ့လာဖြစ်တော့မှ ကန်စွန်းဥ က စွယ်စုံသုံး အစားအစာ တစ်ခုဖြစ်လာတာ သတိထားမိတော့တယ်။

အထူးသဖြင့် ဝိတ်ချတဲ့နေရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။ ၅ လက်မ အရွယ် အနေတော် ကန်စွန်းဥတစ်လုံးမှာ ကယ်လိုရီ ၁၂၀ လောက် အကြမ်းဖျင်းပါပါတယ်။

အဓိက ကတော့ ကန်စွန်းဥ က အမျှင်ဓါတ် များတဲ့ အတွက် နှစ်လုံးလောက်စားလိုက်တာနဲ့ ဗိုက်ထဲမှာ နေရာတော်တော်ယူနေပါပြီ။

ကျွန်တော် တို့ ထမင်းတနပ် ကို မြန်မာပာင်း တစ်မျိုးမျိုး နဲ့ စားလိုက်ရင်ပဲ ကယ်လိုရီ ၄၀၀ ကျော် ၅၀၀ က အသာလေး ဖြစ်နေပါပြီ

ဒါကြောင့် သူ့ထက် ကယ်လိုရီ တဝက် နီးပါးနည်းတဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ ကန်စွန်းဥ နှစ်လုံးလောက် က မလိုအပ်တဲ့ အဆီဓါတ် နဲ့ သွေးတွင်းရှိ ကိုလက်စထရော(Cholesterol) ကို ပါ ကျစေပါတယ်။

ဆီးချို သမားနဲ့ကော တည့်ရဲ့လား ????

ကန်စွန်းဥက ဆီးချို သမားများအတွက်
ပမာဏ ထိန်းစားမယ်ဆိုရင် သင့်တော်တဲ့ အစားအစာ တစ်ခုပါ။

အရသာချိုပေမယ့် ရိုးရိုးအာလူး နဲ့ ယှဉ်ရင် Glycemic Index လို့ခေါ်တဲ့ အစာစားပြီးတက်တဲ့ သကြားဓါတ် နည်းတဲ့ ဆီးချို သမားများ လည်း စားလို့ရပါတယ်။

ပြုတ်စား တာ က ဖုတ်စားတာ ထက် စာရင် သကြားထက်ပိုနည်းစေတဲ့ အတွက် ဆီးချိုသမားများ အနေနဲ့ ကန်စွန်းဥပြုတ်စားတာ ပိုကောင်းပါတယ်။

နောက်ထပ် ကန်စွန်းဥ ရဲ့ ကောင်းတဲ့ အချက် ကတော့ Anthocyanin ပါတဲ့ အတွက် ရောင်ယမ်းတာကို (anti inflammatory action)သက်သာစေပါတယ်။

ထို့အပြင် ကန်စွန်းဥ မှာ ဓါတ်တိုးဆန့်ကျင် (Antioxidant) သတ္တိရှိတဲ့ ဗီတာမင် A နဲ့ C တို့ပါဝင်တဲ့ အတွက် ကင်ဆာရောဂါ ကိုလည်း တဖက်တလမ်း က ကာကွယ်ပေးပါတယ်။

Magnesium (မဂ္ဂနီစီယမ်) ဓါတ်လည်းပါဝင်တဲ့ အတွက် စိတ်ဖိစီးမှု့များတဲ့ လူတွေ အတွက်လည်း အသုံးဝင်တယ်လို့ တစ်ချို့ အာပာာရဆိုင်ရာ ဂျာနယ်များ ကလည်း
ဖော်ပြပါထားပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်