အနီးကပ်နေတဲ့ တပည့်နှစ်ယောက်ကိုယ်တိုင်ပြောပြလာတဲ့ မင်းသား မြင့်မြတ်ရဲ့ စိတ်နေစိတ်ထား

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အနီးကပ်နေတဲ့ တပည့်နှစ်ယောက်ကိုယ်တိုင်ပြောပြလာတဲ့ မင်းသား မြင့်မြတ်ရဲ့ စိတ်နေစိတ်ထား

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်ပရိသတ်တိုင်းချစ်ကြတဲ့ မင်းသားချော မြင့်မြတ်ကတော့ သူ့ရဲ့ဖခင်ကိုယ်တိုင်ဖြေကြားခဲ့တဲ့ အင်တာဗျူးဗီဒီယိုကြောင့် ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ စိတ်နှလုံးသားကောင်းမွန်ပြီး လူတကာအပေါ်လည်း ကူညီတတ်တာကြောင့် မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူတွေက မြင့်မြတ်က မိဘအပေါ် တာဝန်မကျေတဲ့ သားတစ်ယောက်မဟုတ်ကြောင့် ပြောပြပေးနေကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ အနီးကပ်နေသူ တပည့်နှစ်ယောက်ကလည်း သူတို့ရဲ့ ဆရာနဲ့ ပက်သတ်ပြီး ပရိသတ်တွေထင်ထားသလို မဟုတ်ကြောင်း အသီးသီးပြောလာတာကို တွေ့ရပါတယ်။

“သေချာမသိပဲနဲ့ မဝေဖန်ကြပါနဲ့ဗျာ။ နားလည်မှုလွဲနေကြလို့ပါ။ ကိုမြင့်မြတ်နဲ့ ပတ်သက်တဲ့သူတွေအားလုံး အစ်ကို့စိတ်ထားကိုသိကြပါတယ်။” “အနန္တော အနန္တငါးပါးကို အမြဲဦးထိပ်ထားပီးကျွန်တော့ဆရာ အားလုံးအပေါ် တာဝန်ကျေခဲ့ပါတယ်။ နှလုံးသားကိုမြင်အောင်ကြည့်ပါ” ဆိုပြီး မြင့်မြတ်ရဲ့ သားတပည့်တွေဖြစ်ကြတဲ့ ကိုဟိန်းနဲ့ ပုပ္ပါးတို့က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသီးသီးပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ မိဘတွေအပေါ် တာဝန်ကျေတဲ့အပြင် မြင့်မြတ်ရဲ့ဇနီး မခင်သူအောင်ကလည်း အင်မတန် စိတ်သဘောထားပြည့်ဝတာကြောင့် အခုလိုအခြေအနေက မိသားစုချင်း သဘောထားကွဲလွဲနေတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း မြင့်မြတ်အပေါ် နားလည်သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Wai Tun & Ko Hein’s fb
Bilie – Cele Connections