သားသမီးမရပဲဖြစ်နေသူတွေအတွက် သားသမီးရအောင်ယတြာချေနည်း
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ယခုယတြာချေနည်းကတော့ ရှေးဘုရင်တွေကိုယ်တိုင် သားတော် သမီးတော်ရဖို့ ပြုလုပ်ခဲ့ကြတဲ့ ယတြာချေနည်းလေးဖြစ်ပါတယ်။
ဒီယတြာကိုမလုပ်ခင် ပထမဦးဆုံးလုပ်ရမှာက
လင်မယားနှစ်ယောက်လုံး ဆေးရုံ ဆေးခန်းသွားပြီး ကလေးရဖို့ ကျန်းမာရေးချို့ယွင်းချက်ရှိမရှိစစ်ဆေးရမှာပါ။
ချို့ယွင်းချက်ရှိနေရင်တော့ ယတြာချေရင်လဲရနိုင်မှာမဟုတ်ပါဖူး။လင်မယားနှစ်ယောက်လုံးကျန်းမာရေးကောင်းရင်တော့ ဒီယတြာကိုလုပ်နိုင်ပါတယ်။
လိုအပ်တာတွေကတော့ ကျောက်ဖရုံသီးတစ်လုံးရယ် ပိတ်စအနီတစ်ထည့်ရယ်ပါပဲ။နေ့နံအလိုက်ကျောက်ဖရုံးသီးပေါ်မှာ အင်းကွက်ဆွဲပါ။ပြီးရင်မွေးနေ့ညမှာ လင်မယားနှစ်ယောက်ကြားတစ်ညထားပြီးအိပ်ပါ။
မနက်မိုးလင်းရင် ကျောက်ဖရုံသီးကို မြစ် (သို့)ချောင်းထဲကိုမျှော်ပါ။ရေချိုးဆိပ်ကနေမမျှောရ တခြားနေရာကနေမျှောပေးပါ။
မွေးနေ့ယူရမှာတော့ လင်ကော မယားကော ကြိုက်တဲ့သူရဲ့မွေးနံကိုယူလို့ရပါတယ်။သားသမီးရတနာများထွန်းကားကြပါစေ။