ဒုတိယမြောက်သားလေးကိုယ်ဝန်နဲ့ ထူးထူးခြားခြားမက်တဲ့ အိမ်မက်လေးတွေအကြောင်း ရေးတင်လာခဲ့တဲ့ မိုးယုစံ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

“ဒုတိယမြောက်သားလေးကိုယ်ဝန်နဲ့ ထူးထူးခြားခြားမက်တဲ့ အိမ်မက်လေးတွေအကြောင်း ရေးတင်လာခဲ့တဲ့ မိုးယုစံ”

Cele Active World ပရိသတ်ကြီးရေ မင်းသမီး မိုးယုစံကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မိုးယုစံကတော့ အလှမယ်တစ်ယောက်အနေနဲ့ စတင်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး မင်းသမီးတစ်လက်အနေနဲ့ အောင်မြင်နေသူပဲဖြစ်ပါတယ်နော်.။

အိမ်ထောင်ရေးမှာလည်း ချစ်ရသူနဲ့ ပေါင်းဖက်ခဲ့ပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဆိုလည်း မမှားပါဘူးနော်.။ ျစ်စရာကောင်းတဲ့ သားကြီးကို ချစ်မဝခင်လေးမှာပဲ နောက်ထပ် ချစ်ရမယ့် ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရသူ မိုးယုကတော့ သူမအတွက် ပျော်ရွှင်ခြင်းတွေအပြည့် နဲ့ ပြုံးပျော်နေသူပါ။

ဒီနေ့ မှာလည်း မိုးယုက သူမရဲ့ လတ်တလော ကိုယ်ဝန်ဆောင်နေစဉ်မှာပဲ မက်တဲ့ အိမ်မက်တွေအကြောင်းကို “ရွှေပင်လယ်ကြီး မက်လိုက် ချီးတွေအပြည့်အများကြီး မက်လိုက်နဲ့ ဘယ်က ပိုက်ဆံဝင်မလဲတော့ မသိဘူး.။ထီလည်း မထိုးထားဘူး ဝင်လည်း များများဝင်ပါစေ” ဆိုပြီး သူမရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

ထူးထူးခြားခြားလေးတွေ မက်လို့ မိုးယုလေးတစ်ယောက် သိချင်းတွေ အပြည့်နဲ့ မေးကာ သူမရဲ့ လူမှုကွန်ရက်ပေါ် တင်ခဲ့ဟန်ပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Moe Yu San’s Facebook

Violet(Cele Active World)