လေးစားချစ်ခင်ရတဲ့ မင်းသမီးကြီးထက်ထက်မိုးဦးရဲ့ မဲဖောက်Liveလေးမှာ မထင်မှတ်ထားပဲ မဲပေါက်လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့အိတုန်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



Angella(CeleChitThu)

Unicode ဖြင့်ဖတ်ပါ
★★★★★

“လေးစားချစ်ခင်ရတဲ့ မင်းသမီးကြီးထက်ထက်မိုးဦးရဲ့ မဲဖောက်Liveလေးမှာ မထင်မှတ်ထားပဲ မဲပေါက်လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့အိတုန်”

အနုပညာလောကမှာ အဓိကဇာတ်ပို့သမားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်အိတုန်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အိတုန်ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်နေလျက်ရှိပါတယ်။ သူမဟာဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သမီးနှစ်ယောက်တို့နဲ့ အတူ သာယာတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အိတုန်ကတော့ အနုပညာလုပ်ငန်းတွေ ရပ်နားထားချိန်မှာ Online Shoppingလုပ်ရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတာကို တွေ့ရမှာပါပဲနော်။ လတ်တလောမှာတော့ အလုပ်တွေ ရပ်နားထားပြီး သမီးတွေကို အချိန်ပေးရင်း သာယာတဲ့နေ့ရက်လေးတွေ ဖြတ်သန်းလျက်ရှိပါတယ်။ ဒီဇင်ဘာ(၂၁)ရက်နေ့မှာတော့ အိတုန်က”ချစ်မမထက်Liveမှာပေါက်တယ်ပေါက်တယ်ပျော်တာဆိုတာ အခုလိုဝင်ကံစမ်းရတာကိုကပျော်စရာချစ်မကျန်းမာချမ်းသာပါစေ”လို့ဆိုပြီး လေးစားချစ်ခင်ရတဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကံစမ်းမဲဖောက်Liveလေးမှာ မထင်မှတ်ထားပဲ ထပ်မံပြီး မဲပေါက်လို့ ပျော်ရွှင်နေတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

အိတုန်ရဲ့ ပျော်ရွှင်နေတဲ့အရာလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ထပ်တူ ဝမ်းသာမိမယ်လို့ထင်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…..Ei Tone’s Facebook
Angella(CeleChitThu)